လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၂]

သဒ္ဓမ္မသုတ်

၁၉၁။ ရဟန်းတို့ သင်တို့အား သူတော်ကောင်းတရားကိုလည်းကောင်း၊ မသူတော်တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ မသူတော်တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို မသူတော်တရားဟု ဆိုအပ်၏။ ရဟန်းတို့ သူတော်ကောင်းတရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို သူတော်ကောင်းတရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

အကြောင်းအရာများ [၀]