လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၅]

သံဃဘေဒသုတ်

၃၇။ အသျှင်ဘုရား “သံဃာကွဲပြားမှု သံဃာကွဲပြားမှု”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် သံဃာကွဲပြားမှု ဖြစ်ပါသနည်းဟု (လျှောက်၏ )။

ဥပါလိ ဤသာသနာတော်၌ ရဟန်းတို့သည် တရားမဟုတ်သည်ကို “တရားဟုတ်၏”ဟု ပြကုန်၏၊ တရားဟုတ်သည်ကို “တရားမဟုတ်”ဟု ပြကုန်၏၊ ဝိနည်းမဟုတ်သည်ကို “ဝိနည်းဟုတ်၏”ဟု ပြကုန်၏၊ ဝိနည်းဟုတ်သည်ကို “ဝိနည်းမဟုတ်”ဟု ပြကုန်၏၊ မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်သည်ကို “မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်၏”ဟု ပြကုန်၏၊ မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်သည်ကို “မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်”ဟု ပြကုန်၏၊ မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို “မြတ်စွာဘုရား လေ့ကျက်အပ်၏”ဟု ပြကုန်၏၊ မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို “မြတ်စွာဘုရား မလေ့ကျက်အပ်”ဟု ပြကုန်၏၊ မြတ်စွာဘုရား မပညတ်အပ်သည်ကို “မြတ်စွာဘုရား ပညတ်အပ်၏”ဟု ပြကုန်၏၊ မြတ်စွာဘုရား ပညတ်အပ်သည်ကို “မြတ်စွာဘုရား မပညတ်အပ်”ဟု ပြကုန်၏၊ ထိုရဟန်းတို့သည် ဤဝတ္ထုဆယ်မျိုးတို့ဖြင့် (ပရိသတ်)ကို ဆွဲငင်ကုန်၏၊ ဖယ်ရှားကုန်၏၊ သီးခြားကံတို့ကို ပြုကုန်၏၊ သီးခြား ပါတိမောက်တို့ကို ပြကုန်၏။ ဥပါလိ ဤမျှဖြင့် သံဃာကွဲပြားမှု ဖြစ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

အကြောင်းအရာများ [၀]