ဘာသာပြန်ချက်များ [၁၃]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Русский
- SV theravada.ru (2013)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝိဝါဒသုတ်
၄၁။ ထိုအခါ အသျှင်ဥပါလိသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား “အသျှင်ဘုရား သံဃာ၌ ငြင်းခုံမှု ခိုက်ရန်ဖြစ်မှု အယူကွဲပြားမှု စကားများမှုတို့ ဖြစ်ပါကုန်၏၊ ရဟန်းတို့သည်လည်း ချမ်းသာစွာ မနေကြရပါ၊ ယင်း ငြင်းခုံမှု ခိုက်ရန်ဖြစ်မှု အယူကွဲပြားမှု စကားများမှု၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။ ဥပါလိ ဤသာသနာတော်၌ ရဟန်းတို့သည် တရားမဟုတ်သည်ကို “တရားဟုတ်၏”ဟု ပြကုန်၏၊ တရားဟုတ်သည်ကို “တရားမဟုတ်”ဟု ပြကုန်၏၊ ဝိနည်းမဟုတ်သည်ကို “ဝိနည်းဟုတ်၏”ဟု ပြကုန်၏၊ ဝိနည်းဟုတ်သည်ကို “ဝိနည်းမဟုတ်”ဟု ပြကုန်၏၊ မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်သည်ကို “မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်၏”ဟု ပြကုန်၏၊ မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်သည်ကို “မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်”ဟု ပြကုန်၏၊ မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို “မြတ်စွာဘုရား လေ့ကျက်အပ်၏”ဟု ပြကုန်၏၊ မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို “မြတ်စွာဘုရား မလေ့ကျက်အပ်”ဟု ပြကုန်၏၊ မြတ်စွာဘုရား မပညတ်အပ်သည်ကို “မြတ်စွာဘုရား ပညတ်အပ်၏”ဟု ပြကုန်၏၊ မြတ်စွာဘုရား ပညတ်အပ်သည်ကို “မြတ်စွာဘုရား မပညတ်အပ်”ဟု ပြကုန်၏။ ဥပါလိ သံဃာ၌ ငြင်းခုံမှု ခိုက်ရန်ဖြစ်မှု အယူကွဲပြားမှု စကားများမှု ဖြစ်ကြသောကြောင့် ရဟန်းတို့သည်လည်း ချမ်းသာစွာ မနေကြရကုန်၊ ယင်းငြင်းခုံမှု ခိုက်ရန်ဖြစ်မှု အယူကွဲပြားမှု စကား များမှု၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
ဘာသာပြန်ချက်များ [၁၃]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Русский
- SV theravada.ru (2013)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝိဝါဒသုတ်
အကြောင်းအရာများ [၀]