ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
- Bhikkhu Thanissaro (1998)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Italiano
- Enzo Alfano
Español
- Isidatta (2012)
Português
- Michael Beisert (2010)
Русский
- SV theravada.ru (2015)
Polski
- Piotr Jagodziński (2021)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ပဗ္ဗဇိတအဘိဏှသုတ်
၄၈။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့ကို ရဟန်းသည် မပြတ်ဆင်ခြင်အပ်ကုန်၏။ အဘယ်တရား ဆယ်မျိုးတို့နည်းဟူမူ—“ငါသည် အဆင်းဖောက်ပြန်သည်၏အဖြစ်သို့ ကပ်ရောက်ရ၏”ဟု ရဟန်းသည် မပြတ်ဆင်ခြင်အပ်၏။ “ငါ၏ အသက်မွေးမှုသည် သူတစ်ပါးနှင့် ဆက်စပ်နေ၏”ဟု မပြတ်ဆင်ခြင်အပ်၏။ “ငါသည် (လူအမူအရာ အသွင်အပြင်မှတစ်ပါး) အခြားသော အသွင်အပြင်အမူအရာကို ပြုသင့်၏”ဟု မပြတ်ဆင်ခြင်အပ်၏။ “ငါ၏ စိတ်သည် သီလအားဖြင့် (မိမိကိုယ်ကို) မစွပ်စွဲဘဲရှိ၏လော”ဟု မပြတ် ဆင်ခြင်အပ်၏။ “ငါ့ကို သိနားလည်သော သီတင်းသုံးဖော်တို့က ဉာဏ်ဖြင့် သက်ဝင်၍ သီလအားဖြင့် မစွပ်စွဲဘဲ ရှိကြ၏လော”ဟု မပြတ်ဆင်ခြင်အပ်၏။ “ငါ့အား ချစ်ခင်သူ နှစ်သက်သူ အားလုံးတို့နှင့် ရှင်ကွဲ ကွဲမှု သေကွဲ ကွဲမှု (ဖြစ်ရမည်)”ဟု မပြတ်ဆင်ခြင်အပ်၏။ “ငါသည် ကံသာလျှင် မိမိဥစ္စာရှိသူ ကံ၏ အမွေခံသူ ကံသာလျှင် အကြောင်းရှိသူ ကံသာလျှင် မိတ်ဆွေရှိသူ ကံသာလျှင် လဲလျောင်းရာရှိသူ ဖြစ်၏၊ ငါပြုမည့် ကောင်းသောကံ, မကောင်းသောကံ၏ အမွေခံဖြစ်ရမည်”ဟု မပြတ်ဆင်ခြင်အပ်၏။ “ငါသည် အဘယ်သို့ ဖြစ်နေစဉ် ညဉ့်နေ့တို့သည် ငါ့ကို လွန်ကုန်သနည်း”ဟု မပြတ်ဆင်ခြင်အပ်၏။ ငါသည် “ဆိတ်ငြိမ်ရာ ကျောင်း၌ မွေ့လျော်၏လော”ဟု မပြတ်ဆင်ခြင်အပ်၏။ “ငါသည် လူတို့၏ ကုသိုလ် ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင်အထူးကို ရအပ်လေသလော၊ ငါသည် နောက်ဆုံး (သေခါနီး) ကာလ၌ သီတင်းသုံးဖော်တို့က မေးသည်ရှိသော် မျက်နှာမလှ မဖြစ်ရအံ့”ဟု ရဟန်းသည် မပြတ်ဆင်ခြင်အပ်၏။ ရဟန်းတို့ ဤ (ဆိုခဲ့ပြီး) တရားဆယ်မျိုးတို့ကို ရဟန်းသည် မပြတ်ဆင်ခြင်အပ်ကုန်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
- Bhikkhu Thanissaro (1998)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Italiano
- Enzo Alfano
Español
- Isidatta (2012)
Português
- Michael Beisert (2010)
Русский
- SV theravada.ru (2015)
Polski
- Piotr Jagodziński (2021)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ပဗ္ဗဇိတအဘိဏှသုတ်
အကြောင်းအရာများ [၀]