လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၅]

တတိယ ဥပနိသသုတ်

၅။ ထိုအခါ အသျှင်အာနန္ဒာသည် ရဟန်းတို့ကို ဤသို့ မိန့်ဆို၏—ငါ့သျှင်တို့ သီလမရှိသူ သီလ ပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်းချို့တဲ့၏၊ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်းချို့တဲ့၏၊ ဝမ်းမြောက်မှု မရှိလတ်သော် ဝမ်းမြောက်မှု ပျက်စီးသူအား နှစ်သက်မှုသည် အကြောင်းချို့တဲ့၏၊ နှစ်သက်မှု မရှိလတ်သော် နှစ်သက်မှု ပျက်စီး သူအား ငြိမ်းချမ်းမှုသည် အကြောင်းချို့တဲ့၏၊ ငြိမ်းချမ်းမှု မရှိလတ်သော် ငြိမ်းချမ်းမှု ပျက်စီးသူအား ချမ်းသာမှုသည် အကြောင်းချို့တဲ့၏၊ ချမ်းသာမှု မရှိလတ်သော် ချမ်းသာမှု ပျက်စီးသူအား ကောင်းသောတည်ကြည်မှုသည် အကြောင်းချို့တဲ့၏၊ ကောင်းသော တည်ကြည်မှု မရှိလတ်သော် ကောင်းသော တည်ကြည်မှု ပျက်စီးသူအားဟုတ်တိုင်းမှန်စွာ သိမှုဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏၊ဟုတ်တိုင်း မှန်စွာ သိမှုဉာဏ်အမြင် မရှိလတ်သော်ဟုတ်တိုင်း မှန်စွာ သိမှုဉာဏ်အမြင် ပျက်စီးသူအား ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှုသည် အကြောင်းချို့တဲ့၏၊ ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှု မရှိလတ်သော် ငြီးငွေ့မှု နှင့် တပ်စွန်းခြင်းကင်းမှု ပျက်စီးသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။ ငါ့သျှင်တို့ အခက် အရွက် ပျက်စီးသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့၊ အခွံအခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့ ငါ့သျှင်တို့ ဤအတူပင် သီလမရှိသူ သီလပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်း ချို့တဲ့၏၊ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှုပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်း ချို့တဲ့၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြေက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။ ငါ့သျှင်တို့ သီလရှိသူ သီလနှင့် ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်း ပြည့်စုံ၏၊ နှလုံး သာရွှင်မှုရှိလတ်သော် နှလုံးသာရွှင်မှုနှင့် ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏၊ ဝမ်းမြောက်မှုရှိလတ်သော် ဝမ်းမြောက်မှုနှင့်ပြည့်စုံသူအား နှစ်သက်မှုသည် အကြောင်းပြည့်စုံ၏၊ နှစ်သက်မှု ရှိလတ်သော် နှစ်သက်မှုနှင့် ပြည့်စုံသူအား ငြိမ်းချမ်းမှုသည် အကြောင်းပြည့်စုံ၏၊ ငြိမ်းချမ်းမှု ရှိလတ်သော် ငြိမ်းချမ်းမှုနှင့် ပြည့်စုံသူအား ချမ်းသာမှုသည် အကြောင်းပြည့်စုံ၏၊ ချမ်းသာမှုရှိလတ်သော် ချမ်းသာမှုနှင့် ပြည့်စုံသူအား ကောင်းသော တည်ကြည်မှုသည် အကြောင်းပြည့်စုံ၏၊ ကောင်းသော တည်ကြည်မှုရှိလတ်သော် ကောင်းသော တည်ကြည်မှုနှင့် ပြည့်စုံသူအားဟုတ်တိုင်းမှန်စွာ သိမှုဉာဏ်အမြင်သည် အကြောင်း ပြည့်စုံ၏၊ဟုတ်တိုင်းမှန်စွာ သိမှုဉာဏ်အမြင်ရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိမှုဉာဏ် အမြင်နှင့် ပြည့်စုံသူအား ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှုသည် အကြောင်းပြည့်စုံ၏၊ ငြီးငွေ့မှုနှင့် တပ်စွန်းခြင်း ကင်းမှု ရှိလတ်သော် ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှု ပြည့်စုံသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏။ ငါ့သျှင်တို့ အခက် အရွက်နှင့် ပြည့်စုံသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့၊ အခွံ အခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့ ငါ့သျှင်တို့ ဤအတူပင် သီလရှိသူ သီလနှင့် ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်း ပြည့်စုံ၏၊ နှလုံးသာရွှင်မှုရှိလတ်သော် နှလုံးသားရွှင်မှုရှိသူအား ဝမ်းမြောက်မှုသည် အကြောင်း ပြည့်စုံ၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏ဟု (မိန့်ဆို၏)။

ပဉ္စမသုတ်။

အကြောင်းအရာများ [၀]