ဘာသာပြန်ချက်များ [၁၃]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Русский
- SV theravada.ru (2013)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ထေရသုတ်
၉၈။ ရဟန်းတို့ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် နေလေရာရာ အရပ် တိုင်း၌ ချမ်းသာစွာသာလျှင် နေရ၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ— (၁) မထေရ်ကြီး ဖြစ်၏၊ ညဉ့်အများကို သိ၏၊ ရဟန်းဝါရင့်၏၊ ရဟန်းသက် ရှည်၏၊ (၂) သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ (၃) အကြားအမြင်များ၏။ပ။ ပညာဖြင့် ထိုးထွင်း၍ သိအပ်၏။ (၄) ထိုရဟန်းအား ပါတိမောက်နှစ်ပါးတို့သည် အကျယ်အားဖြင့် (နှုတ်၌) လာကုန်၏၊ ကောင်းစွာ ဝေဖန်ထားအပ်ကုန်၏၊ ကောင်းစွာ (နှုတ်၌) ဖြစ်ခြင်းရှိကုန်၏၊ သုတ်အားဖြင့် သဒ္ဒါအားဖြင့် ကောင်းစွာဆုံးဖြတ် ထားအပ်ကုန်၏။ (၅) အဓိကရုဏ်းဖြစ်ခြင်း၏ အကြောင်းရင်းကို ယူ၍ ငြိမ်းစေမှု၌ လိမ္မာ၏။ (၆) တရားလိုလားသူ ဖြစ်၏၊ ချစ်ဖွယ် သုံးနှုန်းတတ်၏၊ လွန်မြတ်သော ဓမ္မ လွန်မြတ်သော ဝိနယ၌ အားကြီးသော နှစ်သက်ဝမ်းမြောက်မှုရှိ၏။ (၇) ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံး အဆောင်ဖြင့် ရောင့်ရဲ၏၊ (၈) ရှေ့သို့ တက်ခြင်း နောက်သို့ ဆုတ်ခြင်း၌ ကြည်ညိုဖွယ်ရှိ၍ ရွာတွင်းဝယ် နေထိုင်ခြင်း၌ ကိုယ်နှုတ်ကိုစောင့်စည်း၏။ (၉) မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်ကုန်သော လွန်မြတ်သော စိတ်ကို မှီ၍ ဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်း ရ၏၊ (၁ဝ) အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တ ဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိကာ မျက်မှောက်ပြုလျက် ပြီးပြည့်စုံစေ၍ နေ၏။ ရဟန်းတို့ ဤတရား ဆယ်မျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် နေလေရာရာ အရပ်တိုင်း၌ ချမ်းသာစွာ သာလျှင် နေရ၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်
ဘာသာပြန်ချက်များ [၁၃]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Русский
- SV theravada.ru (2013)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ထေရသုတ်
အကြောင်းအရာများ [၀]