ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Bodhi (2012)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Rémy Zins (2022)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2012)
Català
- Albert Biayna Gea
Português
- Michael Beisert (2012)
Русский
- SV theravada.ru (2013)
Polski
- Piotr Jagodziński (2021)
বাংলা
- সুমঙ্গল বড়ুয়া (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ပဏ္ဍိတသုတ်
၄၅။ ရဟန်းတို့ ပညာရှိ သူတော်ကောင်းတို့ ပညတ်အပ်ကုန်သော တရားတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ အလှူ ‘ဒါန’ကို ပညာရှိ သူတော်ကောင်းတို့ ပညတ် အပ်၏၊ ရဟန်းတို့ ရှင်ရဟန်းပြုခြင်းကို ပညာရှိ သူတော်ကောင်းတို့ ပညတ်အပ်၏။ ရဟန်းတို့ အမိ အဖတို့အား လုပ်ကျွေးပြုစုခြင်းကို ပညာရှိ သူတော်ကောင်းတို့ ပညတ်အပ်၏။ ရဟန်းတို့ ပညာရှိ သူတော် ကောင်းတို့ ပညတ်အပ်ကုန်သော တရားတို့သည် ဤသုံးမျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။
အလှူပေးခြင်းကိုလည်းကောင်း၊ (သူတစ်ပါးတို့အား) မညှဉ်းဆဲခြင်းကိုလည်းကောင်း၊ စောင့်ထိန်းခြင်းကိုလည်းကောင်း၊ ဣန္ဒြေတို့ကို ဆုံးမခြင်းကိုလည်းကောင်း၊ သူတော်ကောင်းဖြစ်ကုန် မြတ်သော အကျင့်ရှိကုန်သော သူတို့၏ အမိအဖတို့အား လုပ်ကျွေးပြုစုခြင်းကိုလည်းကောင်း သူတော်ကောင်းတို့ ပညတ်အပ်၏။ သူတော်ကောင်းတို့သည် (ပညတ်အပ်ကုန်သော) အကြင် အကြောင်းသုံးမျိုးတို့သည် ရှိကုန်၏၊ ထို အကြောင်းသုံးမျိုးတို့ကို ဉာဏ်အမြင်နှင့် ပြည့်စုံသော အရိယာ ပညာရှိသည် မှီဝဲရာ၏၊ ထိုသူသည် ချမ်းမြေ့သော နတ်ပြည်လောကသို့ ဝင်ရောက်၏။
ပဉ္စမသုတ်။
ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Bodhi (2012)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Rémy Zins (2022)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2012)
Català
- Albert Biayna Gea
Português
- Michael Beisert (2012)
Русский
- SV theravada.ru (2013)
Polski
- Piotr Jagodziński (2021)
বাংলা
- সুমঙ্গল বড়ুয়া (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ပဏ္ဍိတသုတ်
အကြောင်းအရာများ [၀]