ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- Bhikkhu Thanissaro (1998)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Rémy Zins (2022)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2011)
Português
- Michael Beisert (2013)
Русский
- o Dhamma.gift (2026)
- SV theravada.ru (2013)
Polski
- Piotr Jagodziński (2021)
বাংলা
- সুমঙ্গল বড়ুয়া (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဒုတိယ ဘဝသုတ်
၇၈။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။ မြတ်စွာဘုရားအား “အသျှင်ဘုရား ‘ဘဝ ဘဝ’ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှလောက် အတိုင်းအရှည်ဖြင့် ဘဝဖြစ်ပါသနည်း”ဟု လျှောက်၏။
အာနန္ဒာ ကာမဓာတ် (ကာမဘုံ) ၌ အကျိုးပေးတတ်သော ကံ မဖြစ်ခဲ့လျှင် ကာမဘဝသည် ထင်ရှား ဖြစ်ပေါ်နိုင်အံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထင်ရှားမဖြစ်ပေါ်နိုင်ပါ။ အာနန္ဒာ ဤသို့လျှင် ကံသည် လယ်ယာမြေနှင့် တူ၏၊ ဝိညာဉ်သည် မျိုးစေ့နှင့် တူ၏၊ တဏှာသည် အစေး ‘ရေ’ နှင့် တူ၏။ အဝိဇ္ဇာပိတ်ပင်အပ်ကုန်သည်ဖြစ်၍ တဏှာအနှောင်အဖွဲ့ရှိကုန်သော သတ္တဝါတို့အား ယုတ်နိမ့်သော ကာမ ဓာတ် (ကာမဘုံ) ၌ စေတနာသည် တည်၏၊ တောင့်တခြင်းသည် တည်၏။ ဤသို့တည်သော် နောင် တစ်ဖန် ဘဝသစ်၌ ဖြစ်ရ၏။
အာနန္ဒာ ရူပဓာတ် (ရူပဘုံ) ၌ အကျိုးပေးတတ်သော ကံ မဖြစ်ခဲ့လျှင် ရူပဘဝသည် ထင်ရှား ဖြစ်ပေါ်နိုင်အံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထင်ရှားမဖြစ်ပေါ်နိုင်ပါ။ အာနန္ဒာ ဤသို့လျှင့်ကံသည် လယ်ယာမြေနှင့် တူ၏၊ ဝိညာဉ်သည် မျိုးစေ့နှင့် တူ၏၊ တဏှာသည် အစေး ‘ရေ’ နှင့် တူ၏။ အဝိဇ္ဇာပိတ်ပင်အပ်ကုန်သည်ဖြစ်၍ တဏှာအနှောင်အဖွဲ့ရှိကုန်သော သတ္တဝါတို့အား အလယ်အလတ်ဖြစ်သော ရူပဓာတ် (ရူပဘုံ) ၌ စေတနာသည် တည်၏၊ တောင့်တခြင်းသည် တည်၏။ ဤသို့တည်သော် နောင် တစ်ဖန် ဘဝသစ်၌ ဖြစ်ရ၏။
အာနန္ဒာ အရူပဓာတ် (အရူပဘုံ) ၌ အကျိုးပေးတတ်သော ကံ မဖြစ်ပေါ်ခဲ့လျှင် အရူပဘဝသည် ထင်ရှားဖြစ်ပေါ်နိုင်အံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထင်ရှားမဖြစ်ပေါ်နိုင်ပါ။ အာနန္ဒာ ဤသို့ လျှင် ကံသည် လယ်ယာမြေနှင့် တူ၏၊ ဝိညာဉ်သည် မျိုးစေ့နှင့် တူ၏၊ တဏှာသည် အစေး ‘ရေ’ နှင့် တူ၏။ အဝိဇ္ဇာပိတ်ပင်အပ်ကုန်သည်ဖြစ်၍ တဏှာအနှောင်အဖွဲ့ရှိကုန်သော သတ္တဝါတို့အား မြတ်သော အရူပဓာတ် (အရူပဘုံ) ၌ စေတနာသည် တည်၏။ တောင့်တခြင်းသည် တည်၏။ ဤသို့ တည်သော် နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ရ၏။ အာနန္ဒာ ဤသို့လျှင် ဘဝဖြစ်သတည်းဟု (ဟောတော်မူ၏)။
သတ္တမသုတ်။
ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- Bhikkhu Thanissaro (1998)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Rémy Zins (2022)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2011)
Português
- Michael Beisert (2013)
Русский
- o Dhamma.gift (2026)
- SV theravada.ru (2013)
Polski
- Piotr Jagodziński (2021)
বাংলা
- সুমঙ্গল বড়ুয়া (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဒုတိယ ဘဝသုတ်
အကြောင်းအရာများ [၀]