ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- Bhikkhu Thanissaro (1998)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Régis Xhardé
- Rémy Zins (2022)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Italiano
- Enzo Alfano
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2014)
Magyar
- Máthé Veronika (2011)
বাংলা
- সুমঙ্গল বড়ুয়া (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
သီလဗ္ဗတသုတ်
၇၉။ ထိုအခါ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည်— “အာနန္ဒာ အသက်ဆံဖျား အားထုတ်အပ်သော အလေ့အကျင့်လည်းကောင်း၊ မြတ်သော အကျင့်ကို ကျင့်သုံးမှုလည်းကောင်း၊ အထင်အားဖြင့် ဖြစ်သော အမြတ်တရားလည်းကောင်း ထို အားလုံးသည် (လိုအပ်သော) အကျိုးရှိပါသလော”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤအရာ၌ မုချအားဖြင့် မဖြေဆိုသင့်ပါဟု (လျှောက်၏)။ အာနန္ဒာ သို့ဖြစ်လျှင် ဝေဖန်လော့ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား အကြင် သို့သဘောရှိသော အသက်ဆံဖျား အားထုတ်အပ်သော အလေ့အကျင့်, မြတ်သောအကျင့်ကို ကျင့်သုံးမှု, အထင်အားဖြင့် ဖြစ်သော အမြတ်တရားတို့ကို မှီဝဲသောသူအား အကုသိုလ်တရားတို့ တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏။ ဤသို့သဘောရှိသော အသက်ဆံဖျား အားထုတ်အပ်သော အလေ့အကျင့်, မြတ်သော အကျင့်ကို ကျင့်သုံးမှု, အထင်အားဖြင့် ဖြစ်သော အမြတ်တရားတို့သည် အကျိုးမရှိနိုင်ပါ။ အသျှင်ဘုရား အသက်ဆံဖျား အားထုတ်အပ်သော အလေ့အကျင့်, မြတ်သော အကျင့်ကို ကျင့်သုံးမှု, အထင်အားဖြင့် ဖြစ်သော အမြတ်တရားတို့ကို မှီဝဲသောသူအား အကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့ တိုးပွါးကုန်၏။ ဤသို့သဘောရှိသော အသက် ဆံဖျား အားထုတ်အပ်သော အလေ့အကျင့်, မြတ်သော အကျင့်ကို ကျင့်သုံးမှု, အထင်အားဖြင့် ဖြစ်သော အမြတ်တရားသည် အကျိုးရှိနိုင်ပါ၏ဟု (လျှောက်၏)။ အသျှင်အာနန္ဒာသည် ဤစကားကို လျှောက်၏၊ မြတ်စွာဘုရားသည် နှစ်သက်တော်မူ၏။
ထိုအခါ အသျှင်အာနန္ဒာသည် “ငါ့စကားကို မြတ်စွာဘုရား နှစ်သက်တော်မူပါပေသည်”ဟု ထိုင်ရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုလျက် ဖဲခွါသွားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာ ဖဲသွား၍ မကြာမီပင် ရဟန်းတို့ကို “ရဟန်းတို့ အာနန္ဒာကား ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ် သာတည်း၊ ယင်းသို့ ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်ဖြစ်လင့်ကစား ထို အာနန္ဒာနှင့် ပညာအရာ ထပ်တူထပ်မျှ တူညီသူကို ရလွယ်သော သဘောရှိသည် မဟုတ်ပေ”ဟု မိန့်တော်မူ၏။
အဋ္ဌမသုတ်။
ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- Bhikkhu Thanissaro (1998)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Régis Xhardé
- Rémy Zins (2022)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Italiano
- Enzo Alfano
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2014)
Magyar
- Máthé Veronika (2011)
বাংলা
- সুমঙ্গল বড়ুয়া (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
သီလဗ္ဗတသုတ်
အကြောင်းအရာများ [၀]