လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၅]

သမဏသုတ်

၈၂။ ရဟန်းတို့ ရဟန်း၏ ဥစ္စာဖြစ်ကုန်သော ရဟန်းတို့ ပြုရမည့် ကိစ္စတို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— အဓိသီလသိက္ခာကို ဆောက်တည်ခြင်း၊ အဓိစိတ္တသိက္ခာကို ဆောက် တည်ခြင်း၊ အဓိပညာသိက္ခာကို ဆောက်တည်ခြင်းတို့တည်း။ ရဟန်းတို့ ရဟန်း၏ ဥစ္စာဖြစ်ကုန်သော ရဟန်းတို့ ပြုရမည့် ကိစ္စတို့သည် ဤသုံးမျိုးတို့တည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌— “အဓိသီလသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့၊ အဓိစိတ္တသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့၊ အဓိပညာသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့”ဟု ဤအတိုင်း သာ သင်တို့ ကျင့်ကြရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

အကြောင်းအရာများ [၀]