ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
- Bhikkhu Thanissaro (1998)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Régis Xhardé
- Rémy Zins (2022)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2012)
Русский
- SV theravada.ru (2013)
বাংলা
- সুমঙ্গল বড়ুয়া (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဂ ဒြ ဘသုတ်
၈၃။ ရဟန်းတို့ မြည်းသည် “ငါသည်လည်း နွားတည်း၊ ငါသည်လည်း နွားတည်း”ဟု (ထင်မှတ် လျက်) နွားအုပ်သို့ နောက်မှ နောက်မှ လိုက်၏၊ ထို မြည်းအား နွားတို့၏ အဆင်းကဲ့သို့သော အဆင်း မျိုးလည်း မရှိ၊ နွားတို့၏ အသံကဲ့သို့သော အသံမျိုးလည်း မရှိ၊ နွားတို့၏ ခွာကဲ့သို့သော ခွာမျိုးလည်း မရှိ၊ ထို မြည်းသည် “ငါသည်လည်း နွားတည်း၊ ငါသည်လည်း နွားတည်း”ဟု ထင်မှတ်လျက် နွားအုပ် သို့ နောက်မှ နောက်မှ လိုက်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းသည် “ငါသည်လည်း ရဟန်းတည်း၊ ငါသည်လည်း ရဟန်းတည်း”ဟု ရဟန်းသံဃာသို့ နောက်မှ နောက်မှ လိုက်၏၊ ထိုရဟန်းအား အဓိသီလသိက္ခာကို ဆောက်တည်ရာ၌ တစ်ပါးသော ရဟန်းတို့၏ ထက်သန်သော ဆန္ဒကဲ့သို့သော ဆန္ဒမျိုးလည်း မရှိ၊ အဓိစိတ္တသိက္ခာကို ဆောက်တည်ရာ၌ တစ်ပါးသော ရဟန်းတို့၏ ထက်သန်သော ဆန္ဒကဲ့သို့သော ဆန္ဒမျိုးလည်း မရှိ၊ အဓိပညာသိက္ခာကို ဆောက်တည်ရာ၌ တစ်ပါးသော ရဟန်းတို့၏ ထက်သန်သော ဆန္ဒကဲ့သို့သော ဆန္ဒမျိုးလည်း မရှိ၊ ထိုရဟန်းသည် “ငါသည်လည်း ရဟန်းတည်း၊ ငါသည်လည်း ရဟန်းတည်း”ဟု ရဟန်းသံဃာသို့ နောက်မှ နောက်မှ လိုက်၏။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌— “အဓိသီလသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့၊ အဓိစိတ္တသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒ ဖြစ်လတ္တံ့၊ အဓိပညာသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့”ဟု ဤအတိုင်းသာ သင်တို့ ကျင့်ကြရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ကြရမည်ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
- Bhikkhu Thanissaro (1998)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Régis Xhardé
- Rémy Zins (2022)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2012)
Русский
- SV theravada.ru (2013)
বাংলা
- সুমঙ্গল বড়ুয়া (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဂ ဒြ ဘသုတ်
အကြောင်းအရာများ [၀]