လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၆]

ခေတ္တသုတ်

၈၄။ ရဟန်းတို့ အိမ်ရှင်ယောကျာ်း လယ်သမား၏ ရှေးအဖို့၌ ဧကန်ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အိမ်ရှင်ယောကျာ်း လယ် သမားသည် ရှေးဦးစွာသာလျှင် လယ်ကို ကောင်းစွာ ထွန်ယက်၍ မြေကို ညီညီညွတ်ညွတ် ပြုရ၏၊ ရှေးဦးစွာသာလျှင် လယ်ကို ကောင်းစွာ ထွန်ယက်၍ မြေကို ညီညီညွတ်ညွတ် ပြုပြီးလျှင် သင့်လျော်သော အချိန်၌ မျိုးစေ့တို့ကို ကြဲချ၏၊ သင့်လျော်သော အချိန်၌ မျိုးစေ့တို့ကို ကြဲချ ပြီးလျှင် အချိန်အခါ အား လျော်စွာ ရေကို သွင်းလည်း သွင်း၏၊ ထုတ်လည်း ထုတ်၏။ ရဟန်းတို့ အိမ်ရှင်ယောကျာ်း လယ် သမား၏ ရှေးအဖို့၌ ဧကန်ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့တည်း။ ရဟန်းတို့ ဤအတူသာလျှင့်ရဟန်းအား ရှေးအဖို့၌ ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့ပေတည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— အဓိသီလသိက္ခာကို ဆောက်တည်ခြင်း၊ အဓိစိတ္တသိက္ခာကို ဆောက်တည်ခြင်း၊ အဓိပညာသိက္ခာကို ဆောက် တည်ခြင်းတို့တည်း။ ရဟန်းတို့ ရဟန်းအား ရှေးအဖို့၌ ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့တည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌— “အဓိသီလသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့၊ အဓိစိတ္တသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့၊ အဓိပညာသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့”ဟု ဤအတိုင်း သာ သင်တို့ ကျင့်ကြရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ကြရမည်ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

အကြောင်းအရာများ [၀]