ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- Bhikkhu Thanissaro (1998)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Rémy Zins (2022)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Bernat Font
Català
- Bernat Font
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie
বাংলা
- সুমঙ্গল বড়ুয়া (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အစ္စာယိကသုတ်
၉၃။ ရဟန်းတို့ အိမ်ရှင်ယောကျာ်း လယ်သမား၏ အဆောတလျင် ပြုရမည့် ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အိမ်ရှင်ယောကျာ်း လယ် သမားသည် လျင်လျင် မြန်မြန် လယ်ကို ကောင်းစွာ ထွန်ယက်၍ မြေကို ညီညီညွတ်ညွတ် ပြု၏။ လျင် လျင် မြန်မြန် လယ်ကို ကောင်းစွာ ထွန်ယက်၍ မြေကို ညီညီ ညွတ်ညွတ် ကောင်းစွာ ပြုပြီးလျှင် လျင် လျင် မြန်မြန် မျိုးစေ့တို့ကို ကြဲချ၏။ လျင်လျင် မြန်မြန် မျိုးစေ့တို့ကို ကြဲချ၍ လျင်လျင် မြန်မြန် ရေကို သွင်းလည်း သွင်း၏၊ ထုတ်လည်း ထုတ်၏။ ရဟန်းတို့ အိမ်ရှင်ယောကျာ်း လယ်သမား၏ အဆော တလျင် ပြုရမည့် ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့ပေတည်း။ ရဟန်းတို့ အိမ်ရှင်ယောကျာ်း လယ်သမားအား “ယနေ့ပင် ငါ၏ စပါးတို့သည် ပေါက်ပါစေ၊ နက်ဖြန်ပင် ဖုံးပါစေ၊ သန်ဘက်ခါပင် မှည့်ပါစေ”ဟု (ဤသို့ အလိုရှိတိုင်း ပြီးစေနိုင်သော) ထို တန်ခိုးအစွမ်းသည် မရှိပေ။ ရဟန်းတို့ စင်စစ် သော်ကား ထို အိမ်ရှင်ယောကျာ်း လယ်သမား၏ ထို စပါးတို့သည် ညီညွတ်သော ဥတုကို ရ၍ ပေါက်လည်း ပေါက် ဖုံးလည်းဖုံး မှည့်လည်း မှည့်သော အခါမျိုးသည် ရှိ၏။
ရဟန်းတို့ ဤအတူသာလျှင် ရဟန်း၏ အဆောတလျင် ပြုရမည့် ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့ပေတည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— အဓိသီလသိက္ခာကို ဆောက်တည်ခြင်း၊ အဓိစိတ္တသိက္ခာကို ဆောက်တည်ခြင်း၊ အဓိပညာသိက္ခာကို ဆောက်တည်ခြင်းတို့တည်း။ ရဟန်းတို့ ရဟန်း၏ အဆောတလျင် ပြုရမည့် ပြုလုပ် ဖွယ်တို့သည် ဤသုံးမျိုးတို့တည်း။ ရဟန်းတို့ ထိုရဟန်းအား “ယနေ့၌သော်လည်းကောင်း၊ နက်ဖြန်၌သော်လည်းကောင်း၊ သန်ဘက်ခါ၌သော်လည်းကောင်း ငါ၏ စိတ်သည် (တဏှာ ဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကို) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ ကင်းလွတ်စေသတည်း”ဟု (ဤသို့ အလိုရှိတိုင်း ပြီးစေနိုင်သော) ထို တန်ခိုး အစွမ်းသည် မရှိပေ။ ရဟန်းတို့ စင်စစ်သော်ကား အဓိ သီလသိက္ခာကိုလည်းကောင်း၊ အဓိစိတ္တသိက္ခာကိုလည်းကောင်း၊ အဓိပညာသိက္ခာကိုလည်းကောင်း ကျင့်သုံးသော ထိုရဟန်း၏ စိတ်သည် (တဏှာဒိဋ္ဌိတို့ဖြင့်) တစ်စုံတစ်ခုသော အာရုံကို (မစွဲလမ်းမူ၍) အာသဝေါတရားတို့မှ ကင်းလွတ်သော အခါမျိုးသည် ရှိ၏။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌— အဓိသီလသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက် သန်သော ဆန္ဒဖြစ်လတ္တံ့၊ အဓိစိတ္တသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့၊ အဓိပညာသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့”ဟု ဤအတိုင်း သာ သင်တို့ ကျင့်ကြရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ကြရမည်ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- Bhikkhu Thanissaro (1998)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Rémy Zins (2022)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Bernat Font
Català
- Bernat Font
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie
বাংলা
- সুমঙ্গল বড়ুয়া (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အစ္စာယိကသုတ်
အကြောင်းအရာများ [၀]