ဘာသာပြန်ချက်များ [၁၆]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Rémy Zins (2022)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Italiano
- Enzo Alfano
Русский
- SV theravada.ru (2014)
বাংলা
- সুমঙ্গল বড়ুয়া (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
သရဒသုတ်
၉၅။ ရဟန်းတို့ တန်ဆောင်မုန်းလ ‘သရဒ’ အခါ တိမ်သား ကင်းစင်၍ မြင့်သော မိုးကောင်းကင်၌ ရှေးရှုတက်လာသော နေမင်းသည် ကောင်းကင်ရှိ အမိုက်တိုက်အားလုံးကို ဖျက်ဆီး၍ ထွန်းလင်းတောက်ပ တင့်တယ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာသာဝကအား ကိလေသာမြူ အညစ် အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’သည် ဖြစ်ပေါ်လာ၏။ ရဟန်းတို့ သောတာ ပတ္တိမဂ်ဉာဏ်အမြင် ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် အရိယာသာဝကအား သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ သုံးဝသော သံယောဇဉ် ‘နှောင်ကြိုး’တို့သည် ပျောက်ကုန်၏။
ထိုမှနောက်၌ မက်မောခြင်း ‘အဘိဇ္ဈာ’၊ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’တရားနှစ်မျိုးတို့မှ လွတ် မြောက်၏။ ထိုပုဂ္ဂိုလ်သည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင် ကြံစည်ခြင်း ‘ဝိတက်’သုံးသပ်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်း ကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ထိုအခါ၌ အရိယာသာဝကသည် အကယ်၍ သေငြားအံ့၊ ထို သာဝကအား လူ့ပြည်သို့ တစ်ဖန် ပြန်လာ စေနိုင်သော ယင်းယှဉ်စပ်မှု သံယောဇဉ် ‘နှောင်ကြိုး’ မရှိတော့ပြီဟု (မိန့်တော်မူ၏)။
တတိယသုတ်။
ဘာသာပြန်ချက်များ [၁၆]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Rémy Zins (2022)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Italiano
- Enzo Alfano
Русский
- SV theravada.ru (2014)
বাংলা
- সুমঙ্গল বড়ুয়া (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
သရဒသုတ်
အကြောင်းအရာများ [၀]