ဘာသာပြန်ချက်များ [၁၄]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Русский
- SV theravada.ru (2014)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
နိကဋ္ဌသုတ်
၁၃၈။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— ကိုယ်သာ ကင်း၍ စိတ်မကင်းသော ပုဂ္ဂိုလ်၊ ကိုယ်မကင်းသော်လည်း စိတ်ကင်းသော ပုဂ္ဂိုလ်၊ ကိုယ်လည်းမကင်း စိတ်လည်းမကင်းသော ပုဂ္ဂိုလ်၊ ကိုယ်လည်းကင်း စိတ်လည်းကင်းသော ပုဂ္ဂိုလ်တို့တည်း။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ကိုယ်သာ ကင်း၍ စိတ်မကင်းသနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အစွန်အဖျားကျသော တောကျောင်းတို့ကို မှီဝဲ၍ နေ၏၊ ထို ပုဂ္ဂိုလ်သည် ထို တောကျောင်းတို့၌ ကာမဝိတက်ကိုလည်း ကြံ၏၊ ဗျာပါဒဝိတက်ကိုလည်း ကြံ၏၊ ဝိဟိံသာဝိတက် ကိုလည်း ကြံ၏။ ရဟန်းတို့ ဤသို့လျှင် ကိုယ်သာကင်း၍ စိတ်မကင်းချေ။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ကိုယ်မကင်းသော်လည်း စိတ်ကင်းသနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အစွန်အဖျားကျသော တောကျောင်းတို့ကို မမှီဝဲ၊ ထို ပုဂ္ဂိုလ်သည် ထို ရွာနီးကျောင်း၌ နေက္ခမ္မဝိတက်ကိုလည်း ကြံ၏၊ အဗျာပါဒဝိတက်ကိုလည်း ကြံ၏၊ အဝိဟိံသာဝိတက် ကိုလည်း ကြံ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ကိုယ်မကင်းသော်လည်း စိတ်ကင်း၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ကိုယ်လည်းမကင်း စိတ်လည်းမကင်းသနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အစွန်အဖျားကျသော တောကျောင်းတို့ကို မမှီဝဲ၊ ထို ပုဂ္ဂိုလ်သည် ထို ရွာနီးကျောင်း၌ ကာမဝိတက်ကိုလည်း ကြံ၏၊ ဗျာပါဒဝိတက်ကိုလည်း ကြံ၏၊ ဝိဟိံသာဝိတက်ကိုလည်း ကြံ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ကိုယ်လည်း မကင်း စိတ်လည်း မကင်းချေ။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ကိုယ်လည်းကင်း စိတ်လည်းကင်းသနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အစွန်အဖျားကျသော တောကျောင်းတို့ကို မှီဝဲ၏၊ ထို ပုဂ္ဂိုလ်သည် ထို တောကျောင်းတို့၌ နေက္ခမ္မဝိတက်ကိုလည်း ကြံ၏၊ အဗျာပါဒဝိတက်ကိုလည်း ကြံ၏၊ အဝိဟိံသာဝိတက် ကိုလည်း ကြံ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ကိုယ်လည်းကင်း စိတ်လည်းကင်း၏။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ် လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
ဘာသာပြန်ချက်များ [၁၄]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Русский
- SV theravada.ru (2014)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
နိကဋ္ဌသုတ်
အကြောင်းအရာများ [၀]