ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Bodhi (2012)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Rémy Zins (2022)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Русский
- SV theravada.ru (2013)
Nederlands
- Peter van Loosbroek
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ပဓာနသုတ်
၁၃။ ရဟန်းတို့ ကောင်းစွာ အားထုတ်ခြင်း ‘သမ္မပ္ပဓာန်’တရားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်ကုန်သေးသော အကုသိုလ်တရားယုတ်တို့ကို မဖြစ်ပေါ်စေရန် ပြုလိုမှု ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ ကြိုးစား၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှင့်တင်ထား၏၊ ဆောက်တည်ထား၏။ ဖြစ်ပေါ်ကုန်ပြီးသော အကုသိုလ်တရားယုတ်တို့ကို ပယ်ရန် ပြုလိုမှု ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ ကြိုးစား၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှင့်တင်ထား၏၊ ဆောက်တည်ထား၏။ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်ရန် ပြုလိုမှု ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ ကြိုးစား၏၊ လုံ့လ ထုတ်၏၊ စိတ်ကို မြှင့်တင်ထား၏၊ ဆောက်တည်ထား၏။ ဖြစ်ပေါ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို တည်တံ့စေရန် မပျောက်ပျက်စေရန် လွန်စွာ ဖြစ်စေရန် ပြန့်ပြောစေရန် ပွါးများစေရန် ပြည့်စုံစေရန် ပြုလိုမှု ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ ကြိုးစား၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှင့်တင်ထား၏၊ ဆောက်တည်ထား၏။ ရဟန်းတို့ ကောင်းစွာ အားထုတ်ခြင်း ‘သမ္မပ္ပဓာန်’တရားတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဝီရိယနှင့် ပြည့်စုံကုန်လျက် မာရ်၏ တည်ရာ (တေဘူမကဝဋ်တရား)ကို လွှမ်းမိုး၍ တည်ကုန်သော ထို ရဟန္တာပုဂ္ဂိုလ်တို့သည် (တေဘူမကဝဋ်တရားကို) မမှီကုန်၊ ပဋိသန္ဓေနေခြင်း သေခြင်းကြောင့်ဖြစ်သော ဘေး၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူကုန်သော ထို ရဟန္တာပုဂ္ဂိုလ်တို့သည် စစ်သည်ဗိုလ်ပါနှင့် တကွသော (ကိလေသ) မာရ်ကို အောင်မြင်၍ နှစ်သက်တော်မူကုန်၏၊ ထို ရဟန္တာ ပုဂ္ဂိုလ်တို့သည် တုန်လှုပ် တတ်သော တဏှာ မရှိကုန်၊ ထို ရဟန္တာပုဂ္ဂိုလ်တို့သည် အလုံးစုံသော မာရ်၏ စစ်သည်ဗိုလ်ပါကို လွန်ကုန်သည်ဖြစ်၍ (လောကုတ္တရာချမ်းသာဖြင့်) ချမ်းသာကြကုန်၏။
တတိယသုတ်။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Bodhi (2012)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Rémy Zins (2022)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Русский
- SV theravada.ru (2013)
Nederlands
- Peter van Loosbroek
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ပဓာနသုတ်
အကြောင်းအရာများ [၀]