လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၅]

ပဌမ ကာလသုတ်

၁၄၆။ ရဟန်းတို့ (သင့်လျော်သော) အခါတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— အခါအားလျော်စွာတရားနာခြင်း၊ အခါအားလျော်စွာတရားကို ဆွေးနွေးခြင်း၊ အခါ အားလျော်စွာတရားကို သုံးသပ်ခြင်း၊ အခါအားလျော်စွာ ဝိပဿနာရှုခြင်းတို့တည်း၊ ရဟန်းတို့ အခါတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

အကြောင်းအရာများ [၀]