လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၅]

ဒုတိယ အဂတိဂမနသုတ်

၁၈။ ရဟန်းတို့ အဂတိ မလိုက်စားမှုတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ချစ်ခြင်းကြောင့် အဂတိ မလိုက်စား၊ မုန်းခြင်းကြောင့် အဂတိ မလိုက်စား၊ မသိခြင်းကြောင့် အဂတိ မလိုက်စား၊ ကြောက်ရွံ့ခြင်းကြောင့် အဂတိ မလိုက်စား။ ရဟန်းတို့ အဂတိ မလိုက်စားမှုတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အကြင်သူသည် ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ ကြောက်ရွံ့ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း တရားကို ကျော်လွန်၍ မကျင့်၊ ထိုသူ၏ အခြံအရံ အကျော်အစောသည် လဆန်းပက္ခ္ခ၌ လကဲ့သို့ ပြည့်ဝလေသတည်း။

အဋ္ဌမသုတ်။

အကြောင်းအရာများ [၀]