ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Bodhi (2012)
- Bhikkhu Sujato
- Kovilo Bhikkhu (2023)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Italiano
- Enzo Alfano
Español
- Isidatta (2012)
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2014)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အနုဗုဒ္ဓသုတ်
၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်း ဘဏ္ဍရွာတွင် (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား ကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— ရဟန်းတို့ တရားလေးမျိုးတို့ကို လျော်စွာ မသိခြင်း, ထိုးထွင်း၍ မသိခြင်းကြောင့် ငါသည်လည်းကောင်း၊ သင်တို့သည်လည်းကောင်း ဤသို့ ရှည်ကြာစွာသော ကာလပတ်လုံး (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွားခဲ့ရလေပြီ၊ ကျင်လည်ခဲ့ရလေပြီ။ အဘယ်တရားလေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ မြတ်သော သီလကို လျော်စွာ မသိခြင်း, ထိုးထွင်း၍ မသိခြင်းကြောင့် ငါသည်လည်းကောင်း၊ သင်တို့သည်လည်းကောင်း ဤသို့ ရှည်ကြာစွာသော ကာလပတ် လုံး ပြေးသွားခဲ့ရလေပြီ၊ ကျင်လည်ခဲ့ရလေပြီ။ ရဟန်းတို့ မြတ်သော သမာဓိကို လျော်စွာမသိခြင်း, ထိုးထွင်း၍ မသိခြင်းကြောင့် ငါသည်လည်းကောင်း၊ သင်တို့သည်လည်းကောင်း ဤသို့ ရှည်ကြာစွာသော ကာလပတ်လုံး ပြေးသွားခဲ့ရလေပြီ၊ ကျင်လည်ခဲ့ရလေပြီ။ ရဟန်းတို့ မြတ်သော ပညာကို လျော်စွာ မသိခြင်း, ထိုးထွင်း၍ မသိခြင်းကြောင့် ငါသည်လည်းကောင်း၊ သင်တို့သည်လည်းကောင်း ဤသို့ ရှည်ကြာစွာသော ကာလပတ်လုံး ပြေးသွားခဲ့ရလေပြီ၊ ကျင်လည်ခဲ့ရလေပြီ။ ရဟန်းတို့ မြတ်သော လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ကို လျော်စွာမသိခြင်း, ထိုးထွင်း၍ မသိခြင်းကြောင့် ငါသည်လည်းကောင်း၊ သင်တို့သည်လည်းကောင်း ဤသို့ ရှည်ကြာစွာသော ကာလပတ်လုံး ပြေးသွားခဲ့ရလေပြီ၊ ကျင်လည်ခဲ့ရ လေပြီ။ ရဟန်းတို့ ထို မြတ်သော သီလကို၊ မြတ်သော သမာဓိကို၊ မြတ်သော ပညာကို၊ မြတ်သော လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ကို ငါလျော်စွာ သိပြီ၊ ထိုးထွင်း၍ သိပြီ၊ ဘဝ၌ တပ်မက်ခြင်း ‘တဏှာ’ ကို ဖြတ်ပြီးပြီ၊ ဘဝတစ်ပါးသို့ ဆောင်ကြောင်း ‘တဏှာ’ ကုန်လေပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ပေါ်ခြင်း မရှိပြီဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤစကားကို ဟောကြားတော်မူ၏။ ဤစကားကို ဟောကြားတော်မူပြီးနောက် ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤဒေသနာကို ဟောကြားတော်မူပြန်၏— “အတုမဲ့ဖြစ်သော သီလ သမာဓိ ပညာလည်းကောင်း၊ ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’လည်းကောင်း ဤတရားတို့ကို အခြံအရံနှင့် ပြည့်စုံတော်မူသော ဂေါတမမြတ်စွာဘုရားသည် ထိုးထွင်း၍ သိတော်မူပြီ။ ဤသို့လျှင် ဝဋ်ဆင်းရဲ၏အဆုံးကို ပြုတတ်သော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ စက္ခုငါးမျိုးရှိတော်မူသော၊ (ကိလေသာ) ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ထူးသောဉာဏ်ဖြင့် သိတော်မူ၍ ရဟန်းတို့အားတရားကို ဟောကြား တော်မူလေပြီ”။
ပဌမသုတ်။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Bodhi (2012)
- Bhikkhu Sujato
- Kovilo Bhikkhu (2023)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Italiano
- Enzo Alfano
Español
- Isidatta (2012)
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2014)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အနုဗုဒ္ဓသုတ်
အကြောင်းအရာများ [၀]