ဘာသာပြန်ချက်များ [၁၅]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2014)
Русский
- SV theravada.ru (2014)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဒသမဂ္ဂသုတ်
၂ဝ၆။ ရဟန်းတို့ သူယုတ်မာကိုလည်းကောင်း၊ သူယုတ်မာအောက် သူယုတ်မာကိုလည်းကောင်း၊ သူတော်ကောင်းကိုလည်းကောင်း၊ သူတော်ကောင်းထက် သူတော်ကောင်းကိုလည်းကောင်း သင်တို့အား ဟောကြားပေအံ့၊ ထို (တရား) ကို နာကြကုန်လော့။ပ။
ရဟန်းတို့ သူယုတ်မာဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မှားသော အယူရှိ၏။ပ။ မှားသော အသိဉာဏ်ရှိ၏၊ မှားသော လွတ်မြောက်မှုရှိ၏၊ ရဟန်းတို့ ဤသူကို့သူယုတ်မာဟု ဆိုအပ်၏။
ရဟန်းတို့ သူယုတ်မာအောက် သူယုတ်မာဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့ သော သူသည် မိမိလည်း မှားသော အယူရှိ၏၊ သူတစ်ပါးကိုလည်း မှားသော အယူ၌ ဆောက်တည် စေ၏။ပ။ မိမိလည်း မှားသော အသိဉာဏ်ရှိ၏၊ သူတစ်ပါးကိုလည်း မှားသော အသိဉာဏ်၌ ဆောက်တည် စေ၏။ မိမိလည်း မှားသော လွတ်မြောက်မှုရှိ၏၊ သူတစ်ပါးကိုလည်း မှားသော လွတ်မြောက်မှု၌ ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို သူယုတ်မာအောက် သူယုတ်မာဟု ဆိုအပ်၏။
ရဟန်းတို့ သူတော်ကောင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မှန်သော အယူရှိ၏။ပ။ မှန်သော အသိဉာဏ်ရှိ၏၊ မှန်သော လွတ်မြောက်မှုရှိ၏၊ ရဟန်းတို့ ဤသူကို သူတော်ကောင်းဟု ဆိုအပ်၏။
ရဟန်းတို့ သူတော်ကောင်းထက် သူတော်ကောင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မိမိလည်း မှန်သော အယူရှိ၏၊ သူတစ်ပါးကိုလည်း မှန်သော အယူ၌ ဆောက် တည်စေ၏။ပ။ မိမိလည်း မှန်သော အသိဉာဏ်ရှိ၏၊ သူတစ်ပါးကိုလည်း မှန်သော အသိဉာဏ်၌ ဆောက် တည်စေ၏။ မိမိလည်း မှန်သော လွတ်မြောက်မှုရှိ၏၊ သူတစ်ပါးကိုလည်း မှန်သော လွတ်မြောက်မှု၌ ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို သူတော်ကောင်းထက် သူတော်ကောင်းဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
ဘာသာပြန်ချက်များ [၁၅]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2014)
Русский
- SV theravada.ru (2014)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဒသမဂ္ဂသုတ်
အကြောင်းအရာများ [၀]