ဘာသာပြန်ချက်များ [၁၅]
English
- Bhikkhu Bodhi (2012)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2012)
Русский
- SV theravada.ru (2013)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ-ဘတ္တုဒ္ဒေသကသုတ်
၂ဝ။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော ဆွမ်းညွှန်းရဟန်းသည် ဆောင်ယူ၍ ချထား အပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ချစ်ခြင်းကြောင့် အဂတိ လိုက်စား၏၊ မုန်းခြင်းကြောင့် အဂတိ လိုက်စား၏၊ မသိခြင်းကြောင့် အဂတိ လိုက်စား၏၊ ကြောက်ရွံ့ခြင်းကြောင့် အဂတိ လိုက်စား၏။ ရဟန်းတို့ ဤတရား လေးမျိုးတို့နှင့် ပြည့်စုံသော ဆွမ်းညွှန်းရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏။
ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော ဆွမ်းညွှန်းရဟန်းသည် ဆောင်ယူ၍ ချထားအပ် သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ချစ်ခြင်းကြောင့် အဂတိ မလိုက်စား၊ မုန်းခြင်းကြောင့် အဂတိ မလိုက်စား၊ မသိခြင်းကြောင့် အဂတိ မလိုက်စား၊ ကြောက်ရွံ့ခြင်းကြောင့် အဂတိ မလိုက်စား။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော ဆွမ်းညွှန်းရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။
ကာမဂုဏ်တို့၌ မစောင့်စည်းသူ လူအားလုံးတို့သည်တရား မရှိကုန်၊ တရား၌ မရိုသေကုန်၊ ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း၊ ကြောက်ရွံ့ခြင်းကြောင့်လည်းကောင်း (အဂတိ) လိုက်စားကုန်၏၊ ဤပရိသတ်ကို အမှိုက်နှင့်တူသော ပရိသတ်ဟု ဆိုအပ်၏၊ ဤသို့လျှင် သိထိုက်သော တရားအပေါင်းကို သိတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ထို့ကြောင့် အကြင် ပုဂ္ဂိုလ်တို့သည်တရား၌ တည်ကုန်လျက် မကောင်းမှုကို မပြုကြကုန်။ ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း၊ ကြောက်ရွံ့ခြင်းကြောင့်လည်းကောင်း အဂတိမလိုက် စားကုန်၊ ထို ပုဂ္ဂိုလ်တို့သည် သူတော်ကောင်းတို့ ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်တို့ မည်ကုန်၏၊ ဤပရိသတ်ကို ကြည်လင်သော ပရိသတ်ဟု ဆိုအပ်၏၊ ဤသို့လျှင်တရားအားလုံးကို သိတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူအပ်သတည်း။
ဒသမသုတ်။
နှစ်ခုမြောက် စရဝဂ် ပြီး၏။
ဘာသာပြန်ချက်များ [၁၅]
English
- Bhikkhu Bodhi (2012)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2012)
Русский
- SV theravada.ru (2013)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ-ဘတ္တုဒ္ဒေသကသုတ်
အကြောင်းအရာများ [၀]