လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၄]

ဒိဋ္ဌိသုတ်

၂၁၂။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ရောက်ရ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်၊ မိစ္ဆာဒိဋ္ဌိတို့တည်း။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ တရား လေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက်၊ သမ္မာဒိဋ္ဌိတို့တည်း။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

အကြောင်းအရာများ [၀]