လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၄]

ဝ-ဒုဿီလသုတ်

၂၂ဝ။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— သဒ္ဓါတရား မရှိ၊ သီလ မရှိ၊ ပျင်းရိ၏၊ ပညာ မရှိ။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ တရား လေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— သဒ္ဓါတရားရှိ၏၊ သီလရှိ၏၊ ထက်သန်သော လုံ့လရှိ၏။ ပညာ ရှိ၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ် သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် ပရိသာဝဂ် ပြီး၏။

အကြောင်းအရာများ [၀]