လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၃]

ဒုစ္စရိတသုတ်

၂၂၁။ ရဟန်းတို့ ဝစီဒုစရိုက်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— မဟုတ် မမှန်ပြောဆိုခြင်း၊ ကုန်းစကားကို ပြောဆိုခြင်း၊ ကြမ်းထမ်းသော စကားကို ပြောဆိုခြင်း၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းတို့တည်း။ ရဟန်းတို့ ဝစီဒုစရိုက်တို့သည် ဤလေးမျိုးတို့တည်း။

ရဟန်းတို့ ဝစီသုစရိုက်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— မှန်သည် ကို ပြောဆိုခြင်း၊ ကုန်းစကားကို မဆိုခြင်း၊ သိမ်မွေ့သော စကားကို ဆိုခြင်း၊ ပညာဖြင့် ချင့်ချိန်၍ ပြောဆိုခြင်းတို့တည်း။ ရဟန်းတို့ ဝစီသုစရိုက်တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

အကြောင်းအရာများ [၀]