လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၃]

အကတညုတာသုတ်

၂၂၃။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော မိုက်သော မလိမ္မာသော သူယုတ်သည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို ရွက်ဆောင်၏၊ အပြစ်လည်းရှိ၏၊ ပညာရှိတို့လည်း ကဲ့ရဲ့အပ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ကာယဒုစရိုက်၊ ဝစီ ဒုစရိုက်၊ မနောဒုစရိုက်၊ သူကျေးဇူးကို မသိမူ၍ ထင်စွာ မပြုခြင်းတို့တည်း။ ဤလေးမျိုးတို့နှင့်။ပ။ ကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက်၊ သူကျေးဇူးကို သိ၍ ထင်စွာပြုခြင်း။ပ။

တတိယသုတ်။

အကြောင်းအရာများ [၀]