ဘာသာပြန်ချက်များ [၁၅]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2014)
Русский
- SV theravada.ru (2014)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဒုတိယ သိက္ခာပဒသုတ်
၂၃၆။ ရဟန်းတို့ ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ ငါဟောကြားအပ်သော ကံတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ မည်းညစ်၍ မည်းညစ်သော အကျိုးရှိသော ကံသည် ရှိ၏၊ ရဟန်းတို့ ဖြူစင်၍ ဖြူစင်သော အကျိုးရှိသော ကံသည် ရှိ၏၊ ရဟန်းတို့ မည်းညစ် ဖြူစင်၍ မည်းညစ် ဖြူစင်သော အကျိုးရှိသော ကံသည် ရှိ၏၊ ရဟန်းတို့ မမည်း ညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သော အကျိုးရှိသော ကံကုန်ဆုံးရန် ဖြစ်သောကံသည် ရှိ၏။
ရဟန်းတို့ မည်းညစ်၍ မည်းညစ်သော အကျိုးရှိသော ကံဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် အမိကို သတ်၏၊ အဖကို သတ်၏၊ ရဟန္တာကို သတ်၏၊ မြတ်စွာဘုရားကို ပြစ်မှားလိုသောစိတ်ဖြင့် သွေးစိမ်းတည်စေ၏၊ သံဃာကို သင်းခွဲ၏။ ရဟန်းတို့ ဤကံကို မည်းညစ်၍ မည်းညစ်သော အကျိုးရှိသော ကံဟု ဆိုအပ်၏။
ရဟန်းတို့ ဖြူစင်၍ ဖြူစင်သော အကျိုးရှိသော ကံဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’မများ၊ ပျက်စီးစေလိုစိတ်မရှိ၊ မှန်ကန်သော အယူရှိ၏။ ရဟန်းတို့ ဤကံကို ဖြူစင်၍ ဖြူစင်သော အကျိုးရှိသော ကံဟု ဆိုအပ်၏။
ရဟန်းတို့ မည်းညစ် ဖြူစင်၍ မည်းညစ် ဖြူစင်သော အကျိုးရှိသော ကံဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် အပြစ်ရှိ မရှိ ရောနှောသော ကာယသင်္ခါရကို ပြုစီရင်၏။ပ။ ရဟန်းတို့ ဤကံကို မည်းညစ် ဖြူစင်၍ မည်းညစ် ဖြူစင်သော အကျိုးရှိသော ကံဟု ဆိုအပ်၏။
ရဟန်းတို့ မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သောအကျိုးရှိသည့် ကံကုန်ဆုံးရန်ဖြစ်သော ကံဟူသည် အဘယ်နည်း။ ရဟန်းတို့ မည်းညစ်၍ မည်းညစ်သော အကျိုးရှိသော ကံကို။ပ။ ရဟန်းတို့ ဤကံကို မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သော အကျိုးရှိသည့် ကံကုန်ဆုံးရန်ဖြစ်သော ကံဟု ဆိုအပ်၏။ ရဟန်းတို့ ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ ငါဟောကြားအပ်သော ကံတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
ဘာသာပြန်ချက်များ [၁၅]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2014)
Русский
- SV theravada.ru (2014)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဒုတိယ သိက္ခာပဒသုတ်
အကြောင်းအရာများ [၀]