ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
- Bhikkhu Thanissaro (1998)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Canonpali.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2012)
Русский
- SV theravada.ru (2013)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အရိယမဂ္ဂသုတ်
၂၃၇။ ရဟန်းတို့ ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ ငါဟောကြားအပ်သော ကံတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ မည်းညစ်၍ မည်းညစ်သော အကျိုးရှိသည့် ကံသည် ရှိ၏၊ ရဟန်းတို့ ဖြူစင်၍ ဖြူစင်သော အကျိုးရှိသည့် ကံသည် ရှိ၏၊ မည်းညစ် ဖြူစင်၍ မည်းညစ်ဖြူ စင်သော အကျိုးရှိသည့် ကံသည် ရှိ၏၊ ရဟန်းတို့ မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သော အကျိုးရှိသည့် ကံကုန်ဆုံးရန်ဖြစ်သော ကံသည် ရှိ၏။
ရဟန်းတို့ မည်းညစ်၍ မည်းညစ်သော အကျိုးရှိသည့် ကံဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် အပြစ်ရှိသော ကာယသင်္ခါရကို ပြုစီရင်၏။ပ။ ရဟန်းတို့ ဤကံကို မည်းညစ်၍ မည်းညစ်သော အကျိုးရှိသည့် ကံဟု ဆိုအပ်၏။
ရဟန်းတို့ ဖြူစင်၍ ဖြူစင်သော အကျိုးရှိသည့် ကံဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌့အချို့သောသူသည် အပြစ်မရှိသော ကာယသင်္ခါရကို ပြုစီရင်၏။ပ။ ရဟန်းတို့ ဤကံကို ဖြူစင်၍ ဖြူစင်သော အကျိုးရှိသည့် ကံဟု ဆိုအပ်၏။
ရဟန်းတို့ မည်းညစ် ဖြူစင်၍ မည်းညစ် ဖြူစင်သော အကျိုးရှိသည့် ကံဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် အပြစ်ရှိ မရှိ ရောနှောသော ကာယသင်္ခါရကို ပြုစီရင်၏။ပ။ ရဟန်းတို့ ဤကံကို မည်းညစ် ဖြူစင်၍ မည်းညစ် ဖြူစင်သော အကျိုးရှိသည့် ကံဟု ဆိုအပ်၏။
ရဟန်းတို့ မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သော အကျိုးရှိသည့် ကံကုန်ဆုံး ရန်ဖြစ်သော ကံဟူသည် အဘယ်နည်း။ မှန်ကန်သော အယူ ‘သမ္မာဒိဋ္ဌိ’လည်းကောင်း။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာ သမာဓိ’လည်းကောင်းတည်း။ပ။ ရဟန်းတို့ ဤကံကို မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သော အကျိုးရှိသည့် ကံကုန်ဆုံးရန်ဖြစ်သော ကံဟု ဆိုအပ်၏။ ရဟန်းတို့ ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြု၍ ငါ ဟောကြားအပ်သော ကံတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
- Bhikkhu Thanissaro (1998)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Canonpali.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2012)
Русский
- SV theravada.ru (2013)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အရိယမဂ္ဂသုတ်
အကြောင်းအရာများ [၀]