ဘာသာပြန်ချက်များ [၁၅]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2012)
Русский
- SV theravada.ru (2013)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဗောဇ္ဈင်္ဂသုတ်
၂၃၈။ ရဟန်းတို့ ကံတို့သည် ဤလေးမျိုးတို့တည်း။ပ။ မည်းညစ်၍ မည်းညစ်သော အကျိုးရှိသည့်။ပ။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် အပြစ်ရှိသော ကာယသင်္ခါရကို ပြုစီရင်၏။ပ။ ရဟန်းတို့ ဤကံကို မည်းညစ်၍ မည်းညစ်သော အကျိုးရှိသည့် ကံဟု ဆိုအပ်၏။
ရဟန်းတို့ ဖြူစင်၍ ဖြူစင်သော အကျိုးရှိသည့် ကံဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် အပြစ်မရှိသော ကာယသင်္ခါရကို ပြုစီရင်၏။ပ။ ရဟန်းတို့ ဤကံကို ဖြူစင်၍ ဖြူစင်သော အကျိုးရှိသည့် ကံဟု ဆိုအပ်၏။
ရဟန်းတို့ မည်းညစ် ဖြူစင်၍ မည်းညစ် ဖြူစင်သော အကျိုးရှိသည့် ကံဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် အပြစ်ရှိ မရှိ ရောနှောသော ကာယသင်္ခါရကို ပြုစီရင်၏။ပ။ ရဟန်းတို့ ဤကံကို မည်းညစ် ဖြူစင်၍ မည်းညစ် ဖြူစင်သော အကျိုးရှိသည့် ကံဟု ဆိုအပ်၏။
ရဟန်းတို့ မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သော အကျိုးရှိသည့် ကံကုန်ဆုံးရန် ဖြစ်သော ကံဟူသည် အဘယ်နည်း။ သစ္စာလေးပါးကို သိကြောင်း အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’၊ သစ္စာလေးပါးကို သိကြောင်း ပညာ ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်’၊ သစ္စာလေးပါးကို သိကြောင်း လုံ့လ ‘ဝီရိယသမ္ဗောဇ္ဈင်’၊ သစ္စာလေးပါးကို သိကြောင်း နှစ်သိမ့်မှု ‘ပီတိသမ္ဗောဇ္ဈင်’၊ သစ္စာလေးပါးကို သိကြောင်း ငြိမ်းချမ်းမှု ‘ပဿဒ္ဓိသမ္ဗောဇ္ဈင်’၊ သစ္စာလေးပါးကို သိကြောင်း တည်ကြည်မှု ‘သမာဓိသမ္ဗောဇ္ဈင်’၊ သစ္စာ လေးပါးကို သိကြောင်း လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်’တို့တည်း။ ရဟန်းတို့ ဤသည်ကို မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သော အကျိုးရှိသည့် ကံကုန်ဆုံးရန် ဖြစ်သော ကံဟု ဆိုအပ်၏။ ရဟန်းတို့ ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ ငါဟောကြားအပ်သော ကံတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။
ဘာသာပြန်ချက်များ [၁၅]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2012)
Русский
- SV theravada.ru (2013)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဗောဇ္ဈင်္ဂသုတ်
အကြောင်းအရာများ [၀]