လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၃]

စတုတ္ထ ဝေါဟာရသုတ်

၂၅၃။ ရဟန်းတို့ အရိယာတို့၏ ပြောဆိုခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— မြင်သည်၌ မြင်၏ဟု ပြောဆိုခြင်း၊ ကြားသည်၌ ကြား၏ဟု ပြောဆိုခြင်း၊ တွေ့သည်၌ တွေ့၏ဟု ပြောဆိုခြင်း၊ သိသည်၌ သိ၏ဟု ပြောဆိုခြင်းတို့တည်း။ ရဟန်းတို့ အရိယာတို့၏ ပြောဆိုခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

ငါးခုမြောက် အာပတ္တိဘယဝဂ် ပြီး၏။

ပဉ္စမ သုတ်ငါးဆယ် ပြီး၏။

အကြောင်းအရာများ [၀]