ဘာသာပြန်ချက်များ [၁၄]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Русский
- SV theravada.ru (2013)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အဘိညာသုတ်
၂၅၄။ ရဟန်းတို့ တရားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဉာဏ်ဖြင့် သိ၍ ပိုင်းခြားသိထိုက်သော တရားတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဉာဏ်ဖြင့် သိ၍ ပယ်ထိုက်သော တရားတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဉာဏ်ဖြင့် သိ၍ ပွါးများထိုက်သော တရားတို့သည် ရှိကုန်၏။ ရဟန်းတို့ ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုထိုက်သော တရားတို့သည် ရှိကုန်၏။
ရဟန်းတို့ ဉာဏ်ဖြင့် သိ၍ ပိုင်းခြားသိထိုက်သော တရားတို့ဟူသည် အဘယ်နည်း၊ ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့တည်း။ ရဟန်းတို့ ဤတရားတို့ကို ဉာဏ်ဖြင့် သိ၍ ပိုင်းခြားသိထိုက်သော တရားတို့ဟူ၍ ဆိုအပ်ကုန်၏။
ရဟန်းတို့ ဉာဏ်ဖြင့် သိ၍ ပယ်ထိုက်သော တရားတို့ဟူသည် အဘယ်နည်း၊ မသိမှု ‘အဝိဇ္ဇာ’ နှင့် ဘဝကို တပ်မက်ခြင်း ‘ဘဝတဏှာ’တို့တည်း။ ရဟန်းတို့ ဤတရားတို့ကို ဉာဏ်ဖြင့် သိ၍ ပယ်ထိုက် သော တရားတို့ဟူ၍ ဆိုအပ်ကုန်၏။
ရဟန်းတို့ ဉာဏ်ဖြင့် သိ၍ ပွါးများထိုက်သော တရားတို့ဟူသည် အဘယ်နည်း၊ ကိလေသာ ငြိမ်းစေမှု ‘သမထ’ နှင့် အထူးထူးရှုမှု ‘ဝိပဿနာ’တို့တည်း။ ရဟန်းတို့ ဤတရားတို့ကို ဉာဏ်ဖြင့် သိ၍ ပွါးများထိုက်သော တရားတို့ဟူ၍ ဆိုအပ်ကုန်၏။
ရဟန်းတို့ ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုထိုက်သော တရားတို့ဟူသည် အဘယ်နည်း၊ အသိဉာဏ် ‘ဝိဇ္ဇာ’ နှင့် ကိလေသာမှ လွတ်မြောက်မှု ‘ဝိမုတ္တိ’တို့တည်း။ ရဟန်းတို့ ဤတရားတို့ကို ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုထိုက်သော တရားတို့ဟူ၍ ဆိုအပ်ကုန်၏။ ရဟန်းတို့ တရားတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
ဘာသာပြန်ချက်များ [၁၄]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Русский
- SV theravada.ru (2013)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အဘိညာသုတ်
အကြောင်းအရာများ [၀]