ဘာသာပြန်ချက်များ [၁၄]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2012)
Русский
- SV theravada.ru (2013)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဒုတိယ ကောဓဂရုသုတ်
၄၄။ ရဟန်းတို့ သူယုတ်တို့၏တရားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— အမျက်ထွက်ခြင်းကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုခြင်း၊ (သူ့ကျေးဇူး) ချေဖျက်ခြင်းကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုခြင်း၊ လာဘ် (ရခြင်း) ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုခြင်း၊ အရိုအသေပြုမှု ‘သက္ကာရ’ ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုခြင်းတို့တည်း။ ရဟန်းတို့ သူယုတ်တို့၏တရားတို့သည် ဤလေးမျိုးတို့တည်း။
ရဟန်းတို့ သူတော်ကောင်းတရားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— သူတော်ကောင်းတရားကို အလေးပြု၍ အမျက်ထွက်ခြင်းကို အလေးမပြုခြင်း၊ သူတော်ကောင်းတရားကို အလေးပြု၍ (သူ့ကျေးဇူး) ချေဖျက်ခြင်းကို အလေးမပြုခြင်း၊ သူတော်ကောင်းတရားကို အလေးပြု၍ လာဘ် (ရခြင်း) ကို အလေးမပြုခြင်း။ သူတော်ကောင်းတရားကို အလေးပြု၍ အရိုအသေပြုမှု ‘သက္ကာရ’ကို အလေးမပြုခြင်းတို့တည်း။ ရဟန်းတို့ သူတော်ကောင်းတရားတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
အမျက်ထွက်ခြင်း (သူ့ကျေးဇူး) ချေဖျက်ခြင်းကို အလေးပြုကုန်သော လာဘ်နှင့် အရိုအသေပြုမှုကို အလေးပြုကုန်သော ရဟန်းတို့သည် ကောင်းသောလယ်၌ ပုပ်သော မျိုးစေ့သည် မကြီးပွါးသကဲ့သို့ သူတော်ကောင်းတရား၌ မကြီးပွါးကုန်။ အကြင် ရဟန်းတို့သည်ကား သူတော်ကောင်းတရားကို အလေးပြုသည်ဖြစ်၍ နေခဲ့ကြကုန်ပြီ၊ နေလည်း နေကြကုန်ဆဲ၊ ထိုရဟန်းတို့သည် စင်စစ်အားဖြင့် အစေးသို့ အစဉ်လိုက်သော ဆေးပင်သည် ကြီးပွါးသကဲ့သို့တရားတော်၌ ကြီးပွါး ကုန်သတည်း။
စတုတ္ထသုတ်။
ဘာသာပြန်ချက်များ [၁၄]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Isidatta (2012)
Русский
- SV theravada.ru (2013)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဒုတိယ ကောဓဂရုသုတ်
အကြောင်းအရာများ [၀]