ဘာသာပြန်ချက်များ [၁၅]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Português
- Michael Beisert (2013)
Русский
- SV theravada.ru (2013)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ပဓာနသုတ်
၆၉။ ရဟန်းတို့ အားထုတ်ခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— စောင့်စည်းရန် အားထုတ်ခြင်း၊ ပယ်ရန် အားထုတ်ခြင်း၊ ပွါးများရန် အားထုတ်ခြင်း၊ အစဉ် စောင့်ရှောက်ရန် အားထုတ်ခြင်းတို့တည်း။ ရဟန်းတို့ စောင့်စည်းရန် အားထုတ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားယုတ်တို့ကို မဖြစ်စေရန် ပြုလိုမှု’ဆန္ဒ’ကို ဖြစ်စေ၏၊ ကြိုးစား၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှင့်တင်၏၊ ဆောက်တည် ထား၏။ ရဟန်းတို့ ဤသည်ကို စောင့်စည်းရန် အားထုတ်ခြင်းဟု ဆိုအပ်၏။
ရဟန်းတို့ ပယ်ရန် အားထုတ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပြီးသော အကုသိုလ်တရားယုတ်တို့ကို ပယ်ရန် ပြုလို မှု’ဆန္ဒ’ကို ဖြစ်စေ၏၊ ကြိုးစား၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှင့်တင်၏၊ ဆောက်တည်ထား၏။ ရဟန်းတို့ ဤသည်ကို ပယ်ရန် အားထုတ်ခြင်းဟု ဆိုအပ်၏။
ရဟန်းတို့ ပွါးများရန် အားထုတ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ပြုလိုမှု’ဆန္ဒ’ကို ဖြစ်စေ၏၊ ကြိုးစား၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှင့်တင်၏၊ ဆောက်တည်ထား၏။ ရဟန်းတို့ ဤသည်ကို ပွါးများရန် အားထုတ်ခြင်းဟု ဆိုအပ်၏။
ရဟန်းတို့ အစဉ်စောင့်ရှောက်ရန် အားထုတ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တည်တံ့စေရန် မမေ့ပျောက်စေရန် လွန်စွာ ဖြစ်ပွါးစေရန် ပြန့်ပြောစေရန် ပွါးများစေရန် ပြည့်စုံစေရန် ပြုလိုမှု’ဆန္ဒ’ကို ဖြစ်စေ၏၊ ကြိုးစား၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှင့်တင်၏၊ ဆောက်တည်ထား၏။ ရဟန်းတို့ ဤသည်ကို အစဉ် စောင့်ရှောက်ရန် အားထုတ်ခြင်းဟု ဆိုအပ်၏။ ရဟန်းတို့ အားထုတ်ခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
စောင့်စည်းခြင်းလည်းကောင်း၊ ပယ်ခြင်းလည်းကောင်း၊ ပွါးများခြင်းလည်းကောင်း၊ အစဉ်စောင့်ရှောက်ခြင်းလည်းကောင်း ဤအားထုတ်ခြင်းလေးမျိုးတို့ကို နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရားသည် ဟောကြားတော်မူအပ်ကုန်၏၊ ဤသာသနာတော်၌ အကြင် ရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လရှိ၏၊ (ထိုရဟန်းသည်) ဒုက္ခကုန်ရာ (နိဗ္ဗာန်) သို့ ရောက်ရလေသတည်း။
နဝမသုတ်။
ဘာသာပြန်ချက်များ [၁၅]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Português
- Michael Beisert (2013)
Русский
- SV theravada.ru (2013)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ပဓာနသုတ်
အကြောင်းအရာများ [၀]