ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Bodhi (2012)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Italiano
- Enzo Alfano
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2025)
Lietuvių Kalba
- Sayalay Piyadassi (2022)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဘောဇနသုတ်
၃၇။ ရဟန်းတို့ ဘောဇဉ်ကို ပေးလှူသူသည် အလှူခံပုဂ္ဂိုလ်တို့အား ငါးမျိုးသော အရာဌာနတို့ကိုပေးလှူသည် မည်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
အသက်ကို ပေးလှူသည် မည်၏။
အဆင်းကို ပေးလှူသည် မည်၏။
ချမ်းသာကို ပေးလှူသည် မည်၏။
ခွန်အားကို ပေးလှူသည် မည်၏။
ပညာကို ပေးလှူသည် မည်၏။
အသက်ကို ပေးလှူသည်မည်ခြင်းကြောင့် နတ်သက်သော်လည်းကောင်း၊ လူသက်သော်လည်းကောင်းရှည်ရန်ဖြစ်၏၊ အဆင်းကို ပေးလှူသည်မည်ခြင်းကြောင့် နတ်အဆင်းသော်လည်းကောင်း၊ လူအဆင်းသော်လည်းကောင်း လှရန် ဖြစ်၏၊ ချမ်းသာကို ပေးလှူသည်မည်ခြင်းကြောင့် နတ်ချမ်းသာသော်လည်းကောင်း၊ လူချမ်းသာသော်လည်းကောင်း ရရန်ဖြစ်၏၊ ခွန်အားကို ပေးလှူသည်မည်ခြင်းကြောင့် နတ်ခွန်အားသော်လည်းကောင်း၊ လူခွန်အားသော်လည်းကောင်း ကြီးရန်ဖြစ်၏၊ ပညာကို ပေးလှူသည်မည်ခြင်းကြောင့်နတ်ပညာသော်လည်းကောင်း၊ လူပညာသော်လည်းကောင်း ရှိရန်ဖြစ်၏၊
ရဟန်းတို့ ဘောဇဉ်ကို ပေးလှူသူသည် အလှူခံပုဂ္ဂိုလ်တို့အား ဤငါးမျိုးသော အရာဌာနတို့ကိုပေးလှူသည် မည်၏ဟု (မိန့်တော်မူ၏)။
ပညာရှိပုဂ္ဂိုလ်သည် အသက်အလှူကို ပေးလှူ၏၊ ခွန်အားအလှူကို ပေးလှူ၏၊ အဆင်းအလှူကိုပေးလှူ၏၊ ပညာအလှူကို ပေးလှူ၏၊ ထက်မြက်သော ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ချမ်းသာကိုပေးလှူ၏၊ ထိုပညာရှိသည် ချမ်းသာကို ရရှိ၏။ အသက်ကိုလည်းကောင်း၊ ခွန်အားကိုလည်းကောင်း၊ အဆင်းကိုလည်းကောင်း၊ ချမ်းသာကိုလည်းကောင်း၊ ပညာကိုလည်းကောင်း ပေးလှူသောကြောင့် ဖြစ်လေ ရာရာ ဘုံဘဝ၌ အသက်ရှည်ခြင်းအခြံအရံပေါများခြင်း ဖြစ်ရာသတည်း။
သတ္တမသုတ်။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Bodhi (2012)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Italiano
- Enzo Alfano
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2025)
Lietuvių Kalba
- Sayalay Piyadassi (2022)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဘောဇနသုတ်
အကြောင်းအရာများ [၀]