ဘာသာပြန်ချက်များ [၁၃]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Русский
- SV theravada.ru (2013)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ပဌမ ဣဒ္ဓိပါဒသုတ်
၆၇။ ရဟန်းတို့ ရဟန်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို ဤတရားငါးမျိုးတို့ကို ပွါးများ၏၊ ဤတရားငါးမျိုးတို့ကို ကြိမ်ဖန်များစွာ ပြု၏၊ ထိုသူအား ယခုဘဝ၌ပင် အရဟတ္တဖိုလ်ကိုလည်းကောင်း၊ ကိလေသာကြွင်းကျန်သေးလျှင် အနာဂါမ်အဖြစ်ကိုလည်းကောင်း ဤအကျိုးနှစ်ပါးတို့တွင် တစ်ပါးပါးသောအကျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် —
ပြုလိုမှု ‘ဆန္ဒ’ လျှင် အကြီးအမှှူူးရှိသော တည်ကြည်မှု ‘သမာဓိ’, ပြုပြင်တတ်သော အားထုတ်မှု ‘ပဓာနသင်္ခါရ’ နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။
အားထုတ်မှု ‘ဝီရိယ’ လျှင် အကြီးအမှူးရှိသော တည်ကြည်မှု ‘သမာဓိ’။ပ။
စိတ်လျှင် အကြီးအမှူးရှိသော တည်ကြည်မှု ‘သမာဓိ’။ပ။
ပညာ ‘ဝီမံသ’ လျှင် အကြီးအမှူးရှိသော တည်ကြည်မှု ‘သမာဓိ’, ပြုပြင်တတ်သော အားထုတ်မှု’ပဓာနသင်္ခါရ’နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။
ငါးခုမြောက်ဖြစ်သော လွန်ကဲသော လုံ့လကိုသာလျှင် (ပွါးများ၏)။
ရဟန်းတို့ ရဟန်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို ဤ တရားငါးမျိုးတို့ကို ပွါးများ၏၊ ဤတရားငါးမျိုးတို့ကို ကြိမ်ဖန်များစွာ ပြု၏၊ ထိုသူအား ယခုဘဝ၌ပင် အရဟတ္တဖိုလ်ကို လည်းကောင်း၊ ကိလေသာ ကြွင်းကျန်သေးလျှင် အနာဂါမ်အဖြစ်ကိုလည်းကောင်း ဤအကျိုး နှစ်ပါးတို့တွင် တစ်ပါးပါးသော အကျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။
ဘာသာပြန်ချက်များ [၁၃]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Русский
- SV theravada.ru (2013)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ပဌမ ဣဒ္ဓိပါဒသုတ်
အကြောင်းအရာများ [၀]