ဘာသာပြန်ချက်များ [၁၄]
English
- Bhikkhu Bodhi (2012)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Русский
- SV theravada.ru (2025)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ပဌမ အဂါရဝသုတ်
၉။ ရဟန်းတို့ တရားငါးမျိုးနှင့်ပြည့်စုံသော ရိုသေမှု တုပ်ဝပ်မှုမရှိသော ရဟန်းသည် ရွေ့လျော ရ၏၊ သူတော်ကောင်းတရား (သာသနာတော်)၌ မတည်နိုင်။
အဘယ်တရားငါမျိုးတို့နည်းဟူမူ —
ရဟန်းတို့ ယုံကြည်မှု ‘သဒ္ဓါ’မရှိ၍ ရိုသေမှု တုပ်ဝပ်မှုမရှိသော ရဟန်းသည် ရွေ့လျောရ၏၊ သူတော်ကောင်းတရား (သာသနာတော်)၌ မတည်နိုင်။
ရှက်မှု ‘ဟိရီ’ မရှိ၍ ရိုသေမှု တုပ်ဝပ်မှုမရှိသော ရဟန်းသည် ရွေ့လျောရ၏၊ သူတော်ကောင်း တရား၌ မတည်နိုင်။
ကြောက်လန့်မှု ‘သြတ္တပ္ပ’ မရှိ၍ ရိုသေမှု တုပ်ဝပ်မှုမရှိသော ရဟန်းသည် ရွေ့လျောရ၏၊ သူတော်ကောင်းတရား၌ မတည်နိုင်။
ပျင်းရိ၍ ရိုသေမှု တုပ်ဝပ်မှုမရှိသော ရဟန်းသည် ရွေ့လျောရ၏၊ သူတော်ကောင်းတရား၌ မတည်နိုင်။
သိမှု ‘ပညာ’ မရှိ၍ ရိုသေမှု တုပ်ဝပ်မှုမရှိသော ရဟန်းသည် ရွေ့လျောရ၏၊ သူတော်ကောင်းတရား၌ မတည်နိုင်။
ရဟန်းတို့ ဤတရားငါးမျိုးနှင့်ပြည့်စုံ၍ ရိုသေမှု တုပ်ဝပ်မှုမရှိသော ရဟန်းသည် ရွေ့လျောရ၏၊ သူတော်ကောင်းတရား (သာသနာတော်)၌ မတည်နိုင်။
ရဟန်းတို့ တရားငါးမျိုးနှင့်ပြည့်စုံ၍ ရိုသေမှု တုပ်ဝပ်မှုရှိသော ရဟန်းသည် မရွေ့လျောနိုင်၊ သူတော်ကောင်းတရား (သာသနာတော်)၌ တည်နိုင်၏။
အဘယ်တရားငါးမျိုးတို့နည်းဟူမူ —
ရဟန်းတို့ ယုံကြည်မှု ‘သဒ္ဓါ’ရှိ၍ ရိုသေမှု တုပ်ဝပ်မှုရှိသော ရဟန်းသည် မရွေ့လျောနိုင်၊ သူတော်ကောင်းတရား၌ တည်နိုင်၏။
ရှက်မှု ‘ဟိရီ’ ရှိ၍ ရိုသေမှု တုပ်ဝပ်မှုရှိသော ရဟန်းသည် မရွေ့လျောနိုင်၊ သူတော်ကောင်းတရား၌ တည်နိုင်၏။
ကြောက်လန့်မှု ‘သြတ္တပ္ပ’ ရှိ၍ ရိုသေမှု တုပ်ဝပ်မှုရှိသော ရဟန်းသည် မရွေ့လျောနိုင်၊ သူတော်ကောင်းတရား၌ တည်နိုင်၏။
ထက်သန်သော ဝီရိယရှိ၍ ရိုသေမှု တုပ်ဝပ်မှုရှိသော ရဟန်းသည် မရွေ့လျောနိုင်၊ သူတော်ကောင်းတရား၌ တည်နိုင်၏။
သိမှု ‘ပညာ’ ရှိ၍ ရိုသေမှု တုပ်ဝပ်မှုရှိသော ရဟန်းသည် မရွေ့လျောနိုင်၊ သူတော်ကောင်းတရား၌ တည်နိုင်၏။
ရဟန်းတို့ ဤတရားငါးမျိုးနှင့်ပြည့်စုံ၍ ရိုသေမှု တုပ်ဝပ်မှုရှိသော ရဟန်းသည် မရွေ့လျောနိုင်၊ သူတော်ကောင်းတရား (သာသနာတော်)၌ တည်နိုင်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။
ဘာသာပြန်ချက်များ [၁၄]
English
- Bhikkhu Bodhi (2012)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Русский
- SV theravada.ru (2025)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ပဌမ အဂါရဝသုတ်
အကြောင်းအရာများ [၀]