ဘာသာပြန်ချက်များ [၁၅]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Anton P. Baron (2014)
Русский
- SV theravada.ru (2025)
Lietuvių Kalba
- Sayalay Piyadassi (2022)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ပဌမ သာရဏီယသုတ်
၁၁။ ရဟန်းတို့ မပြတ်အောက်မေ့ထိုက်သော ‘သာရဏီယ’ တရားတို့သည် ဤခြောက်မျိုးတို့တည်း၊
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်း၏ ကာယကံမေတ္တာသည် သီတင်းသုံးဖော်တို့အပေါ်ဝယ်မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှုတည်၏၊ ဤတရားကိုလည်း မပြတ်အောက်မေ့ထိုက်၏။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်း၏ ဝစီကံမေတ္တာသည် သီတင်းသုံးဖော်တို့အပေါ်ဝယ်မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှုတည်၏၊ ဤတရားကိုလည်း မပြတ်အောက်မေ့ထိုက်၏။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်း၏ မနောကံမေတ္တာသည် သီတင်းသုံးဖော်တို့အပေါ်ဝယ်မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှုတည်၏၊ ဤတရားကိုလည်း မပြတ်အောက်မေ့ထိုက်၏။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရားနှင့် အညီဖြစ်ကုန် တရားသဖြင့် ရအပ်သောသဘောရှိကုန်သော လာဘ်တို့ဖြင့် ယုတ်စွအဆုံး သပိတ်၌ အကျုံးဝင်သော ဆွမ်းမျှဖြင့်လည်း (ဝတ္ထု ပုဂ္ဂိုလ်ကို) ခွဲခြားမှုမပြုဘဲ သုံးဆောင်လေ့ရှိ၏၊ သီလရှိကုန်သော သီတင်းသုံးဖော်တို့နှင့် ဆက်ဆံလျက်သုံးဆောင်လေ့ရှိ၏၊ ဤတရားကိုလည်း မပြတ်အောက်မေ့ထိုက်၏။
နောက်တစ်မျိုးကား ရဟန်းသည် မကျိုး မပေါက် မပြောက် မကျားကုန်သော၊ (တဏှာ) ကျွန် အဖြစ်မှလွတ်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော၊ သမာဓိကိုဖြစ်စေတတ်ကုန်သော သီလတို့ဖြင့် သီတင်းသုံးဖော်တို့နှင့် မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း သီလတူမျှခြင်းသို့ ရောက်သည်ဖြစ်၍ နေ၏၊ ဤတရားကိုလည်း မပြတ်အောက်မေ့ထိုက်၏။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ထိုအတိုင်းကျင့်သူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန်ထုတ်ဆောင်တတ်သော နိယျာနိက အရိယ သမ္မာဒိဋ္ဌိဖြင့် သီတင်းသုံးဖော်တို့နှင့် မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း အယူတူမျှ ခြင်းသို့ ရောက်သည်ဖြစ်၍ နေ၏၊ ဤတရားကိုလည်း မပြတ်အောက်မေ့ထိုက်၏။
ရဟန်းတို့ မပြတ် အောက်မေ့ထိုက်သော ‘သာရဏီယ’ တရားတို့သည် ဤခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
ဘာသာပြန်ချက်များ [၁၅]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Anton P. Baron (2014)
Русский
- SV theravada.ru (2025)
Lietuvių Kalba
- Sayalay Piyadassi (2022)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ပဌမ သာရဏီယသုတ်
အကြောင်းအရာများ [၀]