ဘာသာပြန်ချက်များ [၁၃]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Русский
- SV theravada.ru (2025)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
တတိယ အာဇာနီယသုတ်
၇။ ရဟန်းတို့ အင်္ဂါခြောက်မျိုးတို့နှင့်ပြည့်စုံသော မင်း၏ အာဇာနည်မြင်းကောင်းသည် မင်းအားထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခေါ်ဝေါ်ခြင်းသို့ရောက်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤလောက၌ မင်း၏ အာဇာနည်မြင်းကောင်းသည် —
ရူပါရုံတို့ကို သည်းခံနိုင်၏။
သဒ္ဒါရုံတို့ကို သည်းခံနိုင်၏။
ဂန္ဓာရုံတို့ကို သည်းခံနိုင်၏။
ရသာရုံတို့ကို သည်းခံနိုင်၏။
ဖောဋ္ဌဗ္ဗာရုံတို့ကို သည်းခံနိုင်၏။
လျင်မြန်သော အဟုန်နှင့် ပြည့်စုံ၏။
ရဟန်းတို့ ဤအင်္ဂါခြောက်မျိုးတို့နှင့်ပြည့်စုံသော မင်း၏ အာဇာနည်မြင်းကောင်းသည် မင်းအားထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခေါ်ဝေါ်ခြင်းသို့ရောက်၏။
ရဟန်းတို့ ဤအတူသာလျှင် တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန်အမြတ်ဆုံး လယ်မြေ ဖြစ်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် —
ရူပါရုံတို့ကို သည်းခံနိုင်၏။
သဒ္ဒါရုံတို့ကို သည်းခံနိုင်၏။
ဂန္ဓာရုံတို့ကို သည်းခံနိုင်၏။
ရသာရုံတို့ကို သည်းခံနိုင်၏။
ဖောဋ္ဌဗ္ဗာရုံတို့ကို သည်းခံနိုင်၏။
ဓမ္မာရုံတို့ကို သည်းခံနိုင်၏။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍ သော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။
ဘာသာပြန်ချက်များ [၁၃]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Русский
- SV theravada.ru (2025)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
တတိယ အာဇာနီယသုတ်
အကြောင်းအရာများ [၀]