လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၃]

စတုတ္ထ ဝိနယဓရသောဘနသုတ်

၈၂။ ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ဝိနည်းဓိုရ်ရဟန်းသည် တင့်တယ်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

အာပတ်ကို သိ၏၊ အာပတ်မဟုတ်သည်ကို သိ၏၊ လဟုကအာပတ်ကို သိ၏၊ ဂရုကအာပတ်ကို သိ၏၊ များပြားသော ရှေး၌ နေဖူးသည်ကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာ (အဖြစ်သနစ်) နှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ နေဖူးသည်ကို အောက်မေ့နိုင်၏၊ လူတို့၏ မျက်စိအမြင်ထက်သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် မြင်၏။ပ။ အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ဝိနည်းဓိုရ် ရဟန်းသည် တင့်တယ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

အကြောင်းအရာများ [၀]