လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၂၀]

ပဌမအာသဝသုတ်

၅၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အာသဝတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း-ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝတို့တည်း။ ရဟန်းတို့ အာသဝတို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''တည်ကြည်မှု 'သမာဓိ' ဆင်ခြင်ဉာဏ်'သမ္ပဇဉ်' အောက်မေ့မှု 'သတိ'ရှိသည်ဖြစ်၍ မြတ်စွာဘုရား၏တပည့်သည် အာသဝတို့ကိုလည်းကောင်း၊ အာသဝတို့၏ ဖြစ် ကြောင်း'သမုဒယ'ကိုလည်းကောင်း၊ အာသဝတို့၏ချုပ်ရာ'နိရောဓ'ကိုလည်းကောင်း၊ အာသဝတို့၏ကုန်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းဖြစ်သော အရိယမဂ်ကိုလည်းကောင်း ပိုင်းခြား၍သိ၏။ ရဟန်းသည် အာသဝတို့၏ကုန်ခြင်းကြောင့် တဏှာကင်းသည်ဖြစ်၍ ကိလေသပရိနိဗ္ဗာန် ခန္ဓပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။

အကြောင်းအရာများ [၀]