ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Español
- Cayetano (2014)
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ-ဒုတိယရာဂသုတ်
၆၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ ရဟန်းယောကျာ်းဖြစ်စေ၊ ရဟန်းမိန်းမဖြစ်စေ အကြင်တစ်စုံတစ်ယောက်သည် ရာဂကို မပယ်နိုင်သေး၊ ဒေါသကို မပယ်နိုင်သေး၊ မောဟကို မပယ်နိုင်သေး။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို လှိုင်းတံပိုး ဝဲ, ဖမ်းယူတတ်သော ငါး မကာရ်း ရက္ခိုသ်နှင့်တကွ ဖြစ်သော သမုဒ္ဒရာကို မကူးမြောက်နိုင်သေးသူဟု ဆိုအပ်၏။ ရဟန်းတို့ ရဟန်းယောကျာ်းဖြစ်စေ၊ ရဟန်းမိန်းမဖြစ်စေအကြင်တစ်စုံတစ်ယောက်သည် ရာဂကို ပယ်နိုင်၏။ ဒေါသကို ပယ်နိုင်၏။ မောဟကို ပယ်နိုင်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို လှိုင်းတံပိုး ဝဲ, ဖမ်းယူတတ်သော ငါး မကာရ်း ရက္ခိုသ်နှင့်တကွ ဖြစ်သော သမုဒ္ဒရာကို ကူးမြောက်နိုင်သူဟု ဆိုအပ်၏။ ကူးမြောက်ပြီးသူ ကမ်းတစ်ဖက်သို့ ရောက်ပြီးသူမကောင်းမှုမှ အပပြုပြီးသူ ဖြစ်၏။ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်း၌ တည်သူဟု ဆိုအပ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''အကြင်ပုဂ္ဂိုလ်သည် ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မောဟကိုလည်းကောင်းကင်းကွာစေနိုင်၏။ ထိုပုဂ္ဂိုလ်သည် ဖမ်းယူတတ်သော ငါး မကာရ်း ရက္ခိုသ် ကြောက်မက်ဖွယ်လှိုင်းတံပိုးနှင့်တကွ ဖြစ်၍ လွန်မြောက်နိုင်ခဲသော ဤသမုဒ္ဒရာကို လွန်မြောက်ပြီ။
အကြင်ပုဂ္ဂိုလ်သည် ရာဂစသော ငါးပါးအပေါင်းကို လွန်မြောက်လျက် သေမင်းကို စွန့်ပြီးလျှင်ကိလေသာစသော ဥပဓိမရှိမူ၍ တစ်ဖန် ပဋိသန္ဓေနေခြင်းဆင်းရဲကို ပယ်စွန့်နိုင်၏။ ရာဂစသည်တို့၏ချုပ်ခြင်းသို့ ရောက်သော ထိုသူသည် သီလ စသည်ဖြင့် တစ်စုံတစ်ယောက်နှင့် နှိုင်းယှဉ်ထိုက်သူ၏အဖြစ်သို့ မရောက်၊ သေမင်းကို တွေဝေစေ၏ဟု ငါဆို၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
ဒသမသုတ်။
ဒုတိယဝဂ် ပြီး၏။
ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Español
- Cayetano (2014)
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ-ဒုတိယရာဂသုတ်
အကြောင်းအရာများ [၀]