ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Español
- Cayetano (2014)
Català
- Albert Biayna Gea
Português
- Michael Beisert (2006)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
သမ္မာဒိဋ္ဌိကသုတ်
၇၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို မစွပ်စွဲတတ်ကြသူ ကောင်းသော အယူရှိကြသူ ကောင်းသော အယူဖြင့် ဆောက်တည်အပ်သော ကံရှိကြသူ သတ္တဝါတို့ကိုလည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ့်သော နတ်ပြည်သို့ ကပ်ရောက်သည်တို့ကိုလည်းကောင်း ငါဘုရား မြင်တော်မူ၏။
ရဟန်းတို့ ငါဘုရားသည် ထိုအခြင်းအရာကို တစ်ပါးသော သမဏထံမှသော်လည်းကောင်း၊ ဗြာဟ္မဏထံမှသော်လည်းကောင်း ကြား၍ ဟောသည် မဟုတ်၊ ရဟန်းတို့ ကာယသုစရိုက် ဝစီသုစရိုက်မနောသုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို မစွပ်စွဲတတ်ကြသူ ကောင်းသော အယူရှိကြသူ ကောင်းသော အယူဖြင့် တည်ဆောက်အပ်သော ကံရှိကြသူ သတ္တဝါတို့ကိုလည်းကောင်း ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်သို့ ကပ်ရောက်ရသည်တို့ကိုလည်းကောင်း ငါဘုရား မြင်တော်မူ၏။ ရဟန်းတို့ စင်စစ်သော်ကားကိုယ်တိုင်သိကိုယ်တိုင်မြင်ကိုယ်တိုင်ထင်ရှားသော အခြင်းအရာကိုသာလျှင် ငါဘုရား ဟောတော်မူ၏။
ရဟန်းတို့ ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို မစွပ်စွဲတတ်ကြသူ ကောင်းသော အယူရှိကြသူ ကောင်းသော အယူဖြင့် တည်ဆောက်အပ်သော ကံရှိကြသူသတ္တဝါတို့ကိုလည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်သို့ ကပ်ရောက်ရသည်တို့ကိုလည်းကောင်း ငါဘုရားမြင်တော်မူ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''ဤလောက၌ အကြားအမြင်များသော ပုဂ္ဂိုလ်သည် ဤလူ့ပြည် ဝယ် အသက်တိုသည် ဖြစ်ရကားကိုယ်ဖြင့် ကောင်းသော အမှုတို့ကို ပြု၍မှန်ကန်သော စကားကိုလည်း ပြောဆို၍ကောင်းသော စိတ်ကိုလည်း ဆောက်တည်၍ ကုသိုလ်ကောင်းမှုတို့ကို ပြု၏။ ပညာရှိသော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသောအခါ နတ်ပြည်သို့ ရောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
ဒုတိယသုတ်။
ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Español
- Cayetano (2014)
Català
- Albert Biayna Gea
Português
- Michael Beisert (2006)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
သမ္မာဒိဋ္ဌိကသုတ်
အကြောင်းအရာများ [၀]