ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ-ပရိဟာနသုတ်
၇၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ ဤတရားသုံးပါးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား မတိုးတက် မကြီးပွါးရန်သာဖြစ်ကုန်၏။ အဘယ်သုံးပါးတို့နည်း- ရဟန်းတို့ ဤသာသနာတော်၌ ကျင့်ဆဲ 'သေက္ခ' ရဟန်းသည် အမှုကိစ္စလျှင် မွေ့လျော်ရာရှိသူ ဖြစ်၏။ အမှုကိစ္စ၌ မွေ့လျော်သူ ဖြစ်၏။ အမှုကိစ္စ၌ မွေ့လျော်မှုကိုအားထုတ်သူ ဖြစ်၏။ စကားပြောခြင်းလျှင် မွေ့လျော်ရာရှိသူ ဖြစ်၏။ စကားပြောခြင်း၌ မွေ့လျော်တတ်သူဖြစ်၏။ စကားပြောခြင်း၌ မွေ့လျော်မှုကိုအားထုတ်သူ ဖြစ်၏။ အိပ်ခြင်းလျှင် မွေ့လျော်ရာရှိသူ ဖြစ်၏။ အိပ်ခြင်း၌ မွေ့လျော်သူ ဖြစ်၏။ အိပ်ခြင်း၌ မွေ့လျော်မှုကိုအားထုတ်တတ်သူ ဖြစ်၏။ ရဟန်းတို့ ဤတရားသုံးပါးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား မတိုးတက် မကြီးပွါးရန်သာ ဖြစ်ကုန်၏။
ရဟန်းတို့ ဤတရားသုံးပါးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား တိုးတက်ကြီးပွါးရန်သာ ဖြစ်ကုန်၏။ အဘယ်သုံးပါးတို့နည်း- ရဟန်းတို့ ဤသာသနာတော်၌ ကျင့်ဆဲ 'သေက္ခ' ရဟန်းသည် အမှုကိစ္စလျှင်မွေ့လျော်ရာရှိသူ မဟုတ်၊ အမှုကိစ္စ၌ မွေ့လျော်သူ မဟုတ်၊ အမှုကိစ္စ၌ မွေ့လျော်မှုကိုအားထုတ်သူမဟုတ်၊ စကားပြောခြင်းလျှင် မွေ့လျော်ရာရှိသူ မဟုတ်၊ စကားပြောခြင်း၌ မွေ့လျော်သူ မဟုတ်၊ စကားပြောခြင်း၌ မွေ့လျော်မှုကိုအားထုတ်သူ မဟုတ်၊ အိပ်ခြင်းလျှင် မွေ့လျော်ရာရှိသူ မဟုတ်၊ အိပ်ခြင်း၌ မွေ့လျော်သူ မဟုတ်၊ အိပ်ခြင်း၌ မွေ့လျော်မှုကိုအားထုတ်သူ မဟုတ်၊ ရဟန်းတို့ဤတရား သုံးပါးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား မဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''အကြင်ရဟန်းသည် အမှုကိစ္စလျှင် မွေ့လျော်ရာ ရှိ၏။ စကားပြောခြင်းလျှင် မွေ့လျော်ရာ ရှိ၏။ အိပ်ခြင်းလျှင် မွေ့လျော်ရာ ရှိ၏။ တုန်လှုပ်ပျံ့လွင့်တတ်၏။ ထိုသို့ သဘောရှိသော ရဟန်းသည် မြတ်သော အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ မထိုက်။
ထို့ကြောင့် ပင် အမှုကိစ္စနည်းသူ အိပ်ခြင်းနည်းသူ မပျံ့လွင့်သူ ဖြစ်ရာ၏။ ထိုသို့ သဘောရှိသော ရဟန်းသည် မြတ်သော အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ ထိုက်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
ဒသမသုတ်။
တတိယဝဂ် ပြီး၏။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ-ပရိဟာနသုတ်
အကြောင်းအရာများ [၀]