ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
သက္ကာရသုတ်
၈၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ ပူဇော်သက္ကာရပြုမှုဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျ ရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရား မြင်တော်မူ၏။
ရဟန်းတို့ ပူဇော်သက္ကာရမပြုမှုဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာ ဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရား မြင်တော်မူ၏။
ရဟန်းတို့ ပူဇော်သက္ကာရပြုမှု ပူဇော်သက္ကာရမပြုမှုဟူသော ထိုနှစ်ပါးစုံဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရားမြင်တော်မူ၏။
ရဟန်းတို့ ငါဘုရားသည် ထိုအခြင်းအရာကို အခြားတစ်ပါးသော သမဏထံမှလည်းကောင်း၊ ဗြာဟ္မဏထံမှလည်းကောင်း ကြား၍ ဟောတော်မူသည် မဟုတ်၊ ရဟန်းတို့ စင်စစ်မှာမူ ငါဘုရားသည် ကိုယ်တိုင်သိကိုယ်တိုင်မြင်ကိုယ်တိုင်ထင်ရှားသော အခြင်းအရာကိုသာလျှင် ဟောတော်မူ၏။
ရဟန်းတို့ ပူဇော်သက္ကာရပြုမှုဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျ့ရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရား မြင်တော်မူ၏။
ရဟန်းတို့ ပူဇော်သက္ကာရမပြုမှုဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရား မြင်တော်မူ၏။
ရဟန်းတို့ ပူဇော်သက္ကာရပြုမှု ပူဇော်သက္ကာရမပြုမှုဟူသော ထိုနှစ်ပါးစုံဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရား မြင် တော်မူ၏။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''ပူဇော်သက္ကာရ ပြုမှုကြောင့်လည်းကောင်း၊ ပူဇော်သက္ကာရ မပြုမှုကြောင့်လည်းကောင်း၊ နှစ်ပါးစုံကြောင့်လည်းကောင်း ပူဇော်သက္ကာရအပြုခံရသော မမေ့မလျော့ နေလေ့ရှိသော အကြင်ပုဂ္ဂိုလ်၏သမာဓိသည် မတုန်လှုပ်။
သိမ်မွေ့သော ပညာဖြင့် ရှုလေ့ရှိသော အမြဲမပြတ် သမထဝိပဿနာဖြင့် ရှုလေ့ရှိသော ဥပါဒါန်တို့၏ကုန်ရာ အရဟတ္တဖိုလ်လျှင် မွေ့လျော်ရာရှိသော ထိုပုဂ္ဂိုလ်ကို သူတော်ကောင်းဟု ဆိုကြကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
ဒုတိယသုတ်။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
သက္ကာရသုတ်
အကြောင်းအရာများ [၁]
English