ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Español
- Isidatta
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဒေဝသဒ္ဒသုတ်
၈၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ နတ်ပြည်တို့၌ အချိန်ကာလတစ်ခုမှ အချိန်ကာလတစ်ခုကို အကြောင်းပြု၍ ဤသုံးမျိုးသော နတ်တို့အချင်းချင်း ပြောဆိုသံတို့သည် ဖြစ်ပေါ်လာကုန်၏။ အဘယ်သုံးပါတို့နည်း- ရဟန်းတို့အကြင်အခါ၌ အရိယာတပည့်သည် ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) ရန် ကြိုးစားအားထုတ်၏။ ထိုအခါ ''ဤအရိယာတပည့်သည် မာရ်နှင့်ယှဉ်ပြိုင်၍ စစ်တိုက်ရန် ကြိုးစားအားထုတ်၏''ဟု နတ်ပြည်တို့၌ နတ်တို့အချင်းချင်းပြောဆိုသံသည် ဖြစ်ပေါ်လာ၏။ ရဟန်းတို့ နတ်ပြည်တို့၌ အချိန်ကာလတစ်ခုမှ အချိန်ကာလတစ်ခုကို အကြောင်းပြု၍ ပဌမဖြစ်သော ဤနတ်တို့အချင်းချင်း ပြောဆိုသံသည် ဖြစ်ပေါ်လာ၏။
ရဟန်းတို့ နောက်တစ်မျိုးကား အကြင်အခါ အရိယာတပည့်သည် ဗောဓိပက္ခိယတရားခုနစ်ပါးတို့ကို ပွါးများအားထုတ်မှုနှင့် မပြတ်ယှဉ်လျက် နေ၏။ ထိုအခါ ဤအရိယာတပည့်သည် မာရ်နှင့်ယှဉ်ပြိုင်၍ စစ်တိုက်နေ၏ဟု နတ်ပြည်တို့၌ နတ်တို့အချင်းချင်း ပြောဆိုသံသည် ဖြစ်ပေါ်လာ၏။ ရဟန်းတို့ နတ်ပြည်တို့၌ အချိန်ကာလတစ်ခုမှ အချိန်ကာလတစ်ခုကို အကြောင်းပြု၍ ဒုတိယဖြစ်သော ဤနတ်တို့အချင်းချင်းပြောဆိုသံသည် ဖြစ်ပေါ်လာ၏။
ရဟန်းတို့ နောက်တစ်မျိုးကား အကြင်အခါ အရိယာတပည့်သည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသော ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာရောက်လျက်နေ၏။ ထိုအခါ ''ဤအရိယာတပည့်သည် အောင်အပ်ပြီးသော စစ်မြေပြင်ရှိ၍ ထိုစစ်မြေဦးကိုပင် အောင်နိုင်ကာ လွှမ်းမိုးလျက်နေ၏''ဟု နတ်ပြည်တို့၌ နတ်တို့အချင်းချင်း ပြောဆိုသံသည့်ဖြစ်ပေါ် လာ၏။ ရဟန်းတို့ နတ်ပြည်တို့၌ အချိန်ကာလတစ်ခုမှ အချိန်ကာလတစ်ခုကို အကြောင်းပြု၍တတိယ ဖြစ်သော ဤနတ်တို့အချင်းချင်း ပြောဆိုသံသည် ဖြစ်ပေါ်လာ၏။ ရဟန်းတို့ နတ်ပြည်တို့၌ အချိန်ကာလ တစ်ခုမှ အချိန်ကာလတစ်ခုကို အကြောင်းပြု၍ ဤသုံးပါးသော နတ်တို့အချင်းချင်းပြောဆိုသံတို့သည် ဖြစ်ပေါ်လာကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''အောင်အပ်ပြီးသော စစ်မြေပြင်ရှိသော သီလစသော ဂုဏ်အားဖြင့် ကြီးမြတ်သော ကြောက်ရွံ့ခြင်းကင်းသော မြတ်စွာဘုရား၏ တပည့်သားကို တွေ့မြင်ကြရကုန်၍ နတ်တို့သည်လည်းရှိခိုးကုန်၏။
ယောကျာ်းအာဇာနည်ဖြစ်သော အသျှင်ဘုရား အသျှင်ဘုရားသည် တားမြစ်ခြင်းငှါ ခဲယဉ်းလှစွာသော သေမင်း၏ စစ်သည်ကို အရဟတ္တမဂ်ဖြင့် အောင်နိုင်သောကြောင့် လူများစွာတို့၏ အောင်နိုင်ခဲသည်ကို အောင်တော်မူပေပြီ၊ ထိုအသျှင်ဘုရားအား ရှိခိုးပါ၏။
အရဟတ္တဖိုလ်သို့ ရောက်တော်မူပြီးသော ဤရဟန္တာပုဂ္ဂိုလ်ကို နတ်တို့သည် ဤသို့ ရှိခိုးကြကုန်၏။မှန်၏-အကြင်အကြောင်းကြောင့် ယောကျာ်းအာဇာနည်သည် သေမင်း၏ အလိုသို့ လိုက်နာရ၏။ ထိုယောကျာ်းအာဇာနည်၏ သေမင်းအလိုသို့ လိုက်နာရမည့် ထိုအကြောင်းကို နတ်တို့သော်မှလည်းမမြင်နိုင်ကြကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
တတိယသုတ်။
ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Español
- Isidatta
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဒေဝသဒ္ဒသုတ်
အကြောင်းအရာများ [၀]