ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အန္တရာမလသုတ်
၈၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ ဤသုံးပါးတို့သည် စိတ်၏အညစ်အကြေး စိတ်၏မိတ်ဆွေပျက် စိတ်၏ရန်သူ စိတ်၏သူသတ်သမား စိတ်၏ဆန့်ကျင်ဘက်သားတို့ ဖြစ်ကုန်၏။ အဘယ်သုံးပါးတို့နည်း- ရဟန်းတို့ လော ဘ့သည် စိတ်၏အညစ်အကြေး စိတ်၏မိတ်ဆွေပျက် စိတ်၏ရန်သူ စိတ်၏သူသတ်သမား စိတ်၏ဆန့်ကျင်ဘက်သား ဖြစ်၏။ ရဟန်းတို့ ဒေါသသည် စိတ်၏အညစ်အကြေး စိတ်၏မိတ်ဆွေပျက် စိတ်၏ရန်သူစိတ်၏သူသတ်သမား စိတ်၏ ဆန့်ကျင်ဘက်သား ဖြစ်၏။ ရဟန်းတို့ မောဟသည် စိတ်၏အညစ်အကြေးစိတ်၏မိတ်ဆွေပျက် စိတ်၏ရန်သူ စိတ်၏သူသတ်သမား စိတ်၏ဆန့်ကျင်ဘက်သား ဖြစ်၏။ ရဟန်းတို့ဤသုံးပါးတို့သည် စိတ်၏အညစ်အကြေး စိတ်၏မိတ်ဆွေပျက် စိတ်၏ရန်သူ စိတ်၏သူသတ်သမား စိတ်၏ဆန့်ကျင်ဘက်သား ဖြစ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''လောဘသည် အကျိုးမဲ့ကို ဖြစ်စေတတ်၏။ လောဘသည် စိတ်ကို ချောက်ချား စေတတ်၏။ အတွင်းစိတ်၌ ဖြစ်သော ထိုလောဘဟူသော ဘေးကို လူအပေါင်းသည် မသိနိုင်။
တပ်မက်သောသူသည် အကျိုးကို မသိ၊ တပ်မက်သောသူသည် တရားကို မမြင်၊ အကြင်အခါ၌ လောဘသည် လူကို လွှမ်းမိုးဖိစီး၏။ ထိုအခါ၌ အမိုက်တိုက်သဖွယ် ဖြစ်၏။
အကြင်သူသည် လောဘကို ပယ်နိုင်သောကြောင့် တပ်မက်ဖွယ် ရူပါရုံစသည်၌ မတပ်မက်၊ ရေပေါက်သည် ကြာရွက်မှ လျှောကျဘိသကဲ့သို့ ထိုသူ၏ လောဘသည် ထိုတပ်မက်ဖွယ်အာရုံမှ ကင်းပျောက်၏။
ဒေါသသည် အကျိုးမဲ့ကို ဖြစ်စေတတ်၏။ ဒေါသသည် စိတ်ကို ချောက်ချားစေ တတ်၏။ အတွင်းစိတ်၌ ဖြစ်သော ထိုဒေါသဟူသော ဘေးကို လူအပေါင်းသည် မသိနိုင်။
အမျက်ထွက်သောသူသည် အကျိုးကို မသိ၊ အမျက်ထွက်သောသူသည် တရားကို မမြင်၊ အကြင်အခါ၌ ဒေါသသည် လူကို လွှမ်းမိုးဖိစီး၏။ ထိုအခါ၌ အမိုက် တိုက်သဖွယ် ဖြစ်၏။
အကြင်သူသည် ဒေါသကို ပယ်သောကြောင့် အမျက်ထွက်ဖွယ် ရူပါရုံစသည်၌ အမျက်မထွက်၊ ထန်းသီးမှည့်သည် အညှာမှ ကြွေကျရသကဲ့သို့ ထိုသူ၏ ဒေါသသည် ထိုအမျက်ထွက်ဖွယ်အာရုံမှ ကင်းပျောက်၏။
မောဟသည် အကျိုးမဲ့ကို ဖြစ်စေတတ်၏။ မောဟသည် စိတ်ကို ချောက်ချားစေ တတ်၏။ အတွင်းစိတ်၌ ဖြစ်သော မောဟဟူသော ဘေးကို လူအပေါင်းသည် မသိနိုင်။
တွေဝေသူသည် အကျိုးကို မသိ၊ တွေဝေသူသည် တရားကို မမြင်၊ အကြင် အခါ၌ မောဟသည် လူကို လွှမ်းမိုးဖိစီး၏။ ထိုအခါ၌ အမိုက်တိုက်သဖွယ် ဖြစ်၏။
အကြင်သူသည် မောဟကို ပယ်သောကြောင့် တွေဝေဖွယ် ရူပါရုံစသည်၌ မတွေဝေ၊ ထွက်ပေါ်လာသော နေမင်းသည် အမိုက်တိုက်ကို ပယ်ဖျောက်သကဲ့သို့ ထိုသူသည် အလုံးစုံသော မောဟကို အကြွင်းမဲ့ပယ်ဖျောက်နိုင်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
နဝမသုတ်။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အန္တရာမလသုတ်
အကြောင်းအရာများ [၀]