ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2012)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Magyar
- Máthé Veronika (2011)
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အဂ္ဂပ္ပသာဒသုတ်
၉ဝ။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ အမြတ်ဆုံးတို့၌ ကြည်ညိုခြင်းတို့သည် ဤသုံးပါးတို့တည်း၊ အဘယ်သုံးပါးတို့နည်း-ရဟန်းတို့ အခြေမရှိသော သတ္တဝါ အခြေနှစ်ချောင်းရှိသော သတ္တဝါ အခြေလေးချောင်းရှိသော သတ္တဝါ များသော အခြေရှိသော သတ္တဝါ ရူပသတ္တဝါ အရူပသတ္တဝါ သညီသတ္တဝါ အသညီသတ္တဝါ နေဝသညီနာသညီသတ္တဝါဟူသမျှတို့တွင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရားကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ ဘုရား၌ ကြည်ညိုကုန်သူတို့သည် အမြတ်ဆုံးပုဂ္ဂိုလ်၌ ကြည်ညိုသည် မည်ကုန်၏။ အမြတ်ဆုံးပုဂ္ဂိုလ်၌ ကြည်ညိုသူတို့အား အမြတ်ဆုံးအကျိုး့ဖြစ်နိုင်၏။
ရဟန်းတို့ ပြုပြင်အပ်သော 'သင်္ခတ'တရား၊ မပြုပြင်အပ်သော 'အသင်္ခတ' တရားဟူသမျှတို့တွင်မာန်ယစ်ခြင်းကို ဆုံးမရာ မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ အာလယကို ပယ်ခွါရာ ဝဋ်ကို ဖြတ်ရာ တဏှာကုန်ရာ ကိလေသာတို့ကင်းပြတ်ရာ ဝါနတဏှာမှ ထွက်မြောက်ရာဖြစ်သော ဝိရာဂဟု ဆိုအပ်သော နိဗ္ဗာန်ကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ ရာဂကင်းရာ နိဗ္ဗာန်တရား၌ ကြည်ညိုသူတို့သည် အမြတ်ဆုံးတရား၌ ကြည်ညိုသည် မည်ကုန်၏။ အမြတ်ဆုံးတရား၌ ကြည်ညိုသူတို့အား အမြတ်ဆုံးအကျိုး ဖြစ်နိုင်၏။
ရဟန်းတို့ သံဃာဂိုဏ်းဟူသမျှတို့တွင် အစုံအားဖြင့် လေးယောက်သော ယောကျာ်းမြတ်အစုံပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်သော ယောကျာ်းမြတ်ပုဂ္ဂိုလ်ဟု ဆိုအပ်သော မြတ်စွာဘုရား၏ တပည့်သားသံဃာသည် အဝေးမှ ဆောင်ယူလာသော အလှူကို ခံထိုက်၏။ ဧည့်သည်အလို့ငှါ ထားသော အလှူကို ခံထိုက်၏။ မြတ်သော အလှူကို ခံထိုက်၏။ လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်၏။ လူအပေါင်း၏ကောင်းမှုတည်းဟူသော မျိုးစေ့တို့ စိုက်ပျိုးရာအမြတ်ဆုံး လယ်မြေဖြစ်၏ဟူသော ဂုဏ်တို့နှင့်ပြည့်စုံသော မြတ်စွာဘုရား၏ တပည့်သား သံဃာကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ သံဃာ၌ ကြည်ညိုသူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏။ အမြတ်ဆုံး၌ ကြည်ညိုသူတို့အားအမြတ်ဆုံးအကျိုး ဖြစ်နိုင်၏။ ရဟန်းတို့ ဤသုံးပါးတို့သည် အမြတ်ဆုံး ကြည်ညိုခြင်းတို့တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''အမြတ်ဆုံး ရတနာသုံးပါး၌ ကြည်ညိုကုန်သော ရတနာသုံးပါး၏ အမြတ်ဆုံး သဘောကို သိကုန်သော မြတ်သော အလှူကို ခံထိုက်၍ အတုမရှိသည့် အမြတ်ဆုံး ဘုရား၌ ကြည်ညိုကုန်သောသူတို့အားလည်းကောင်း-
အလုံးစုံသော ကိလေသာတို့ ကင်းပြတ်ကြောင်း ငြိမ်းအေးကြောင်းဖြစ်၍ ဝဋ် ဆင်းရဲကုန်ခြင်းဖြင့်ချမ်းသာသည့် အမြတ်ဆုံးတရား၌ ကြည်ညိုသူတို့အားလည်းကောင်း အတုမရှိ ကောင်းမှုတည်းဟူသော မျိုးစေ့၏ စိုက်ပျိုးရာ လယ်ယာမြေ ကောင်းသဖွယ်ဖြစ်သည့် အမြတ်ဆုံးသံဃာ၌ ကြည်ညိုသူတို့အားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ရတနာသုံးပါး၌ အလှူကို ပေးလှူကုန်သောသူတို့အားလည်းကောင်း အမြတ်ဆုံးကုသိုလ်သည် တိုးပွါး၏။ ပြန့်ပြောများမြတ်သော အသက်သည်လည်းကောင်း၊ အဆင်းသည်လည်းကောင်း၊ အခြံအရံသည်လည်းကောင်း၊ အကျော်အစောသည်လည်းကောင်း၊ ချမ်းသာသည်လည်းကောင်း၊ ခွန်အားသည်လည်းကောင်း တိုးပွါး၏။
အမြတ်ဆုံးဖြစ်သော ရတနာသုံးပါအား ပေးလှူတတ်သော အမြတ်ဆုံးဖြစ်သော ကြည်ညိုမှုပေးလှူမှုစသောတရားနှင့်ပြည့်စုံသော ပညာရှိသည် နတ်ဖြစ်သော်လည်းကောင်း၊ လူဖြစ်သော်လည်းကောင်း အမြတ်ဆုံးဖြစ်သော မဂ်ဖိုလ်ကို ရသည်ဖြစ်၍ ဝမ်းမြောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
ပဌမသုတ်။
ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2012)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Magyar
- Máthé Veronika (2011)
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အဂ္ဂပ္ပသာဒသုတ်
အကြောင်းအရာများ [၀]