ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဇီဝိကသုတ်
၉၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ အသက်မွေးမှုတို့တွင် ဆွမ်းခံလှည့်လည်၍ အသက်မွေးရခြင်းသည် ယုတ်ညံ့လှ၏။ လောက၌ ဤဆွမ်းခံ၍ အသက်မွေးသူသည် ''ဤသူဖုန်းစားကား ခွက်လက်စွဲလျက် လှည့်လည်ဘိ၏''ဟု အဆဲရေးခံရတတ်၏။ ထိုသို့ ပင် ဆဲရေးခံရတတ်သော်လည်း အကျိုးထူးကို အလိုရှိကုန်သော အမျိုးသား့တို့သည် အကျိုးရှိမှုကို စွဲ၍ ထိုဆွမ်းခံလှည့်လည်၍ အသက်မွေးခြင်းသို့ ကပ်ရောက်ကြကုန်၏။ မင်းအနှောင်အဖွဲ့ခံရ၍ ကပ်ရောက်ကြသည် မဟုတ်ကုန်၊ သူခိုးတို့ဖမ်းယူနှောင်ဖွဲ့ခံရ၍ ကပ်ရောက်ကြသည်မဟုတ်ကုန်၊ ကြွေးမြီနှိပ်စက်ခံရသည်ဖြစ်၍ ကပ်ရောက်ကြသည် မဟုတ်ကုန်၊ ဘေးနှိပ်စက်ခံရ၍ ကပ်ရောက်ကြသည် မဟုတ်ကုန်၊ အသက်မွေးခက်သည်ဖြစ်၍ ကပ်ရောက်ကြသည် မဟုတ်ကုန်။
စင်စစ်သော်ကား ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ဆင်းရဲမှု နှလုံးမသာယာမှု ပြင်းစွာပူပန်မှုတို့ဖြင့် သံသရာဝဋ်တွင်းသို့ သက်ဆင်းကျရောက်ကုန်၏။ ဆင်းရဲဖြင့် နှိပ်စက်ခံရကုန်၏ ဤအလုံးစုံသော ဆင်းရဲအစု၏ အဆုံးကို ပြုခြင်းသည် ထင်ရှားဖြစ်ပေါ်နိုင်တန်ရာ၏ဟု နှလုံးသွင်းကာဆွမ်းခံ လှည့်လည်၍ အသက်မွေးခြင်းသို့ ကပ်ရောက်ခဲ့ကြကုန်၏။ ရဟန်းတို့ အမျိုးကောင်းသားသည်ဤသို့ နှလုံးသွင်း၍ ရဟန်းပြုခဲ့၏။သို့ ပင်ဖြစ်ငြားသော်လည်း ဤအမျိုးကောင်းသားသည်အဘိဇ္ဈာများ၏။ ကာမဂုဏ်တို့၌အားကြီးသော ရာဂရှိ၏။ ဖောက်ပြန်သော စိတ်ရှိ၏။ ပြစ်မှားလိုသော စိတ်အကြံရှိ၏။ လွတ်သော သတိရှိ၏။ ဆင်ခြင်ဉာဏ် မရှိ၊ မတည်ကြည်၊ တုန်လှုပ်သော စိတ်ရှိ၏။ မစောင့်စည်းသော ဣန္ဒြေရှိ၏။ ရဟန်းတို့ (အရင်းအဖျား) နှစ်ဖက်၌ မီးလျှံစွဲငြိ၍ အလယ်၌ မစင်လိမ်းသောသူကောင် ဖုတ်ကြွင်း ထင်းမီးစသည် ရွာ၌လည်း ထင်းအဖြစ်သို့ မရောက် တော၌လည်းအသုံးမကျသကဲ့သို့ ရဟန်းတို့ လူ့စည်းစိမ်မှလည်း ဆုတ်ယုတ်၍ ရဟန်းဖြစ်ကျိုးလည်းမပြည့်စုံသည် ဖြစ်ရကား ဤပုဂ္ဂိုလ်ကို ထိုဥပမာနှင့်တူ၏ဟု ငါဘုရား ဟော၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''လူ့စည်းစိမ်မှလည်း ဆုတ်ယုတ်၍ ရဟန်းဖြစ်ကျိုးကိုလည်း မကောင်းသဖြင့် ရသောသူသည် သူကောင်ဖုတ်ကြွင်း ထင်းမီးစ ပျက်စီးသကဲ့သို့ ပျက်စီးလျက် ဖရိုဖရဲ ဖြစ်ရ၏။
ယုတ်မာသော သဘောရှိကုန်သည်ဖြစ်၍ (ကိုယ် နှုတ် နှလုံးကို) မစောင့်စည်းကုန်သော သင်္ကန်းကို လည်ပင်း၌ ပတ်ကြကုန်သော များစွာသော ထိုသူယုတ်မာတို့သည် ယုတ်မာသော မကောင်းမှုတို့ကြောင့် ငရဲသို့ ကျရောက်ရကုန်၏။
သီလလည်း မရှိ၊ ကိုယ် နှုတ် နှလုံးကိုလည်း မစောင့်စည်းဘဲ တိုင်းသူပြည် သားတို့သဒ္ဓါကြည်ဖြူပေးလှူအပ်သော ဆွမ်းကို စားရခြင်းထက် မီးလျှံကဲ့သို့ ပူလောင်သော သံတွေခဲကို စားရခြင်းက သာ၍ ကောင်းမြတ်သေး၏''ဟု ဤဂါထာဖြင့် ဆို အပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
ဒုတိယသုတ်။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဇီဝိကသုတ်
အကြောင်းအရာများ [၁]
English