ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2006)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
သင်္ဃာဋိကဏ္ဏသုတ်
၉၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ ရဟန်းသည် အဘိဇ္ဈာများသူ ကာမတို့၌အားကြီးသော ရာဂရှိသူ ဖောက်ပြန်သော စိတ်ရှိသူပြစ်မှားလိုသော စိတ်အကြံရှိသူ လွတ်သော သတိရှိသူ ဆင်ခြင်ဉာဏ်မရှိသူ မတည်ကြည်သူ တုန်လှုပ်သော စိတ်ရှိသူ မစောင့်စည်းသော ဣန္ဒြေရှိသူ ဖြစ်ခဲ့မူ ထိုရဟန်းသည် ငါဘုရား၏ သင်္ကန်းစွန်းကို ကိုင်၍ ငါဘုရားခြေရာ၌ ခြေကို ချနင်းလျက် နောက်မှ နောက်မှ လိုက်ပင်လိုက်သော်လည်း ထိုရဟန်းသည် ငါဘုရားမှ ဝေးသည်သာတည်း၊ ငါဘုရားသည် လည်း ထိုရဟန်းမှ ဝေးသည်သာတည်း၊ အကြောင်းကားအဘယ်နည်း၊ ရဟန်းတို့ ထိုရဟန်းသည် တရားကို မမြင်၊ တရားကို မမြင်သည်ရှိသော် ငါဘုရားကို မမြင်သောကြောင့် ပင်တည်း။
ရဟန်းတို့ ရဟန်းသည် လည်း အဘိဇ္ဈာမများသူ ကာမတို့၌အားကြီးသော ရာဂမရှိသူ ဖောက်ပြန်သော စိတ်မရှိသူ ပြစ်မှားလိုသော စိတ်အကြံမရှိသူ ထင်သော သတိရှိသူ ဆင်ခြင်ဉာဏ်ရှိသူ တည်ကြည်သူမတုန်လှုပ်သော စိတ်ရှိသူ စောင့်စည်းသော ဣန္ဒြေရှိသူဖြစ်ခဲ့မူ ထိုရဟန်းသည် ယူဇနာတစ်ရာဝေးသောအရပ်၌ နေပင်နေသော်လည်း ငါဘုရားနှင့် နီးသည်သာတည်း၊ ငါဘုရားသည် လည်း ထိုရဟန်းနှင့်နီးသည်သာတည်း၊ အကြောင်းကား အဘယ်နည်း၊ ရဟန်းတို့ ထိုရဟန်းသည် တရားကို မြင်၏။ တရားကို မြင်သည်ရှိသော် ငါဘုရားကို မြင်သောကြောင့် ပင်တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''အလိုကြီး၍ ညှဉ်းဆဲတတ်သောတဏှာအလိုသို့ အစဉ်လိုက်နေသူသည် တုန် လှုပ်မှု တဏှာကင်းသော ထိုမြတ်စွာဘုရားသို့ အစဉ်လိုက်နေသော်လည်းကောင်း၊ ကိလေသာ မငြိမ်းသူသည် ကိလေသာငြိမ်းအေးပြီးသော ထိုမြတ်စွာဘုရားသို့ အစဉ်လိုက်နေသော်လည်းကောင်း၊ မက်မောသူသည် မက်မောခြင်းကင်းသော ထို မြတ်စွာဘုရားသို့ အစဉ်လိုက်နေသော်လည်းကောင်း ထိုမြတ်စွာဘုရားနှင့်အလွန့် အလွန်ဝေးသည်သာတည်း၊ (ထိုအခြင်းအရာကို) ရှုပါလော့။
အကြင်ပညာရှိသည် သစ္စာလေးပါးတရားကို ဝိပဿနာဉာဏ်အထူးဖြင့် သိ၍ သစ္စာလေးပါးတရားကို မဂ်ဉာဏ်ဖြင့် သိ၍ လေငြိမ်ရာ၌ တည်ရှိသော ရေအိုင်ကဲ့သို့ တုန်လှုပ်မှု တဏှာကင်းသည်ဖြစ်၍ငြိမ်သက်၏။
တဏှာကင်းသော ထိုပုဂ္ဂိုလ်သည် တဏှာကင်းသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့်ဝေးနေငြားသော်လည်းကောင်း) ငြိမ်းအေးသော ထိုပုဂ္ဂိုလ်သည် ငြိမ်းအေးသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေငြားသော်လည်းကောင်း) မက်မောမှု ကင်းသော ထိုပုဂ္ဂိုလ်သည် မက်မောမှုကင်းသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေငြားသော်လည်းကောင်း) အလွန့်အလွန်နီးသည်သာတည်း။ (ထိုအခြင်း အရာကို) ရှုပါလော့''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
တတိယသုတ်။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2006)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
သင်္ဃာဋိကဏ္ဏသုတ်
အကြောင်းအရာများ [၀]