ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အဂ္ဂိသုတ်
၉၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ မီးတို့သည် ဤသုံးပါးတို့တည်း၊ အဘယ်သုံးပါးတို့နည်း-ရာဂမီး ဒေါသမီး မောဟမီးတို့တည်း၊ ရဟန်းတို့ မီးတို့သည် ဤသုံးပါးတို့တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''ကာမတို့၌ တပ်စွန်းသူ တွေဝေသူသတ္တဝါတို့ကို ရာဂမီးသည် လောင်မြိုက်၏။ သူ့အသက်ကို သတ်လေ့ရှိသူ ဖောက်ပြန်သော စိတ်ရှိသူတို့ကို ဒေါသမီးသည် လောင် မြိုက်၏။
အရိယာတရား၌ မလိမ္မာသူ တွေဝေသူတို့ကို မောဟမီးသည် လောင်မြိုက်၏။ ဤမီးသုံးပါးတို့ကို မသိကြသော သတ္တဝါတို့သည် ခန္ဓာငါးပါး (သက္ကာယ)၌ အလွန် မွေ့လျော်ကြကုန်၏။
ထိုသူတို့သည် မာရ်အနှောင်အဖွဲ့မှ မလွတ်ကြကုန်မူ၍ ငရဲ တိရိစ္ဆာန် အသုရ ကာယ် ပြိတ္တာဘုံတို့ကို ပွါးများစေကုန်၏။
အကြင်သူတို့သည်ကား မြတ်စွာဘုရား သာသနာတော်၌ ညဉ့်နေ့ပတ်လုံးအား ထုတ်ကုန်၏။ ပုဂ္ဂိုလ်မြတ်ဖြစ်ကြသော ထိုသူတို့သည် အသုဘဟု အမြဲရှုမှတ်ကုန်သည်ဖြစ်၍ ရာဂမီးကို ငြိမ်းအေးစေကြကုန်၏။
ဒေါသမီးကို မူကား မေတ္တာဖြင့် ငြိမ်းအေးစေကြကုန်၏။ အကြင်ပညာသည် ကိလေသာကို ဖောက်ခွဲနိုင်၏။ ထိုပညာဖြင့် မောဟမီးကို ငြိမ်းအေးစေကြကုန်၏။
ညဉ့်နေ့ပတ်လုံး မပျင်းရိကုန်သော ရင့်ကျက်သော ပညာရှိတို့သည် ထို ကိလေသာတို့ကို ငြိမ်းစေကြကုန်၍ အကြွင်းမဲ့ ငြိမ်းအေးကြကုန်ပြီ၊ အကြွင်းမဲ့ ဆင်းရဲမှ လွတ်မြောက်ကြကုန်ပြီ။
အရိယသစ္စာတရားကို သိမြင်ကုန်သော မဂ်ပညာဖြင့် သံသရာအဆုံးသို့ ရောက်ကုန်သော ပညာရှိတို့သည် (ကုသိုလ်ခန္ဓာစသည်ကို) ကောင်းစွာသိ၍ ဇာတိကုန်ရာ နိဗ္ဗာန်ကို ထူးသော အရဟတ္တမဂ်ဉာဏ်ဖြင့် သိသောကြောင့် တစ်ဖန် ဘဝသစ်သို့ မရောက်ကြရကုန်''ဟု ဤဂါထာဖြင့်ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
စတုတ္ထသုတ်။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အဂ္ဂိသုတ်
အကြောင်းအရာများ [၀]