ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ကာမယောဂသုတ်
၉၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ ကာမဂုဏ်နှင့်စပ်သော ရာဂနှင့်လည်းယှဉ် ရူပဘဝ အရူပဘဝနှင့်စပ်သော ရာဂနှင့်လည်းယှဉ်သူသည် ဤလူ့ပြည်သို့ လာတတ်သူ အာဂါမီပုဂ္ဂိုလ်ဖြစ်၏။ ရဟန်းတို့ ကာမဂုဏ်နှင့်စပ်သော ရာဂနှင့် မယှဉ်မူ၍ ရူပဘဝ အရူပဘဝနှင့်စပ်သော ရာဂနှင့်သာယှဉ်သူသည် ဤလူ့ပြည်သို့ မလာတတ်သူ အနာဂါမီပုဂ္ဂိုလ်ဖြစ်၏။ ရဟန်းတို့ ကာမဂုဏ်နှင့်စပ်သော ရာဂနှင့်လည်းမယှဉ် ရူပဘဝ အရူပဘဝနှင့်စပ်သော ရာဂနှင့်လည်း မယှဉ်သူသည် အာသဝေါကုန်ခန်းသူ ရဟန္တာပုဂ္ဂိုလ်ဖြစ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''ကာမဂုဏ်နှင့်စပ်သော ရာဂနှင့်လည်းကောင်း၊ ရူပဘဝ အရူပဘဝနှင့်စပ်သော ရာဂနှင့်လည်းကောင်းဤနှစ်ပါးစုံနှင့် ယှဉ်ကုန်သော သတ္တဝါတို့သည် ပဋိသန္ဓေ နေခြင်း သေခြင်းသို့ ရောက်ကြရကုန်သည်ဖြစ်၍သံသရာ၌ ကျင်လည်ကြရကုန်၏။
အကြင်သတ္တဝါတို့သည် ကိလေသာကာမဂုဏ်တို့ကို ပယ်ပြီး၍လည်း အာသဝေါကုန်ခြင်းသို့ မရောက်နိုင်ကြကုန်သေး၊ ရူပဘဝ အရူပဘဝနှင့်စပ်သော ရာဂနှင့်ယှဉ်ကုန်၏။ ထိုသတ္တဝါတို့ကို အနာဂါမ်တို့ဟူ၍ ဆိုအပ်ကုန်၏။
အကြင်သူတို့သည် ယုံမှားသံသယပြတ်ပြီး ဖြစ်ကုန်၏။ မာနကုန်ပြီး တစ်ဖန် ဘဝသစ်၌ ဖြစ်မှုကုန်ပြီးဖြစ်ကုန်၏။ အာသဝေါကုန်ရာ အရဟတ္တဖိုလ်သို့ ရောက် ပြီးဖြစ်ကုန်၏။ ထိုသူတို့သည် လောက၌ အမှန်စင်စစ် နိဗ္ဗာန်ဟူသော ကမ်း တစ်ဖက်သို့ ရောက်ပြီးသူတို့ ဖြစ်ကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
သတ္တမသုတ်။
တတိယဘာဏဝါရ ပြီး၏။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ကာမယောဂသုတ်
အကြောင်းအရာများ [၀]